Monday, August 27, 2012

ရခိုင်အောင်လံတော် လင်္ကာ


ကြားပိမ့်ဗိုလ်သူ အံ့ချီးမူသော သောင်းယူဇနာ မြေမျက်နှာထက် မြောက်မှအာသံ တောင်ယံသီဟိုဋ် နောက်ကိုလှည့်လည် မရွံ့ ပြည်နှင့် ဦးတည်ပိုင်းခြား ပင်လယ်ဆင်းအောင် စိုးမင်းတကာ ညီညွတ်ရာသည် သာယာရွတ်ဆောင် ရန်တိုင်းအောင်သည့်

Saturday, February 4, 2012

ရခိုင်ရာဇဝင်သစ်ကျမ်း (သတ္တမတွဲ)

ရခိုင်ပြည့်ရှင် မဟာသမ္မတမင်းကို ဖမ်းယူပင့်ဆောင်သွားပြီးနောက် ဒါးပိုင်ကြီးယောက်ဖတော် ကျော်ပုံသည် ရခိုင်ပြည်သူအပေါင်းတို့ နှင့် မြန်မာတို့ ကိုတိုက်မည်ဟု သက္ကရာဇ် (၁၁၄၆)ခု တပေါင်းလတွင် ချီလာသော် မြန်မာမြို့ ဝန် နန္ဒပကျန်က ဆီးခံ၍တိုက်လေလျှင် ရခိုင်တို့  စစ်ပျက်စီး၍ ပြေးကြလေ၏။
ကျိန်းအရပ်၌ အစောင့်နေထားသော မြန်မာတို့ ကို အိမ်ရှေ့မင်းစစ်ကဲရဲဘော်သည် မြန်မာတို့ သည် မြောက်ဦးမြီု့ သို့  ပြေးဝင်ကြလေ၏။ မြို့ ဝန် နန္ဒပကျန်က တပ်မှုးတပ်သားကိုထွက်တိုက်စေလေသော် အိမ်ရှေ့မင်း စစ်ကဲရဲဘော်သည် နှင့် လူအများကို ဖမ်း၍ရလေလျှင် သတ်လျှက်ပစ်လေ၏။