ရခိုင်ပြည့်ရှင် မဟာသမ္မတမင်းကို ဖမ်းယူပင့်ဆောင်သွားပြီးနောက် ဒါးပိုင်ကြီးယောက်ဖတော် ကျော်ပုံသည် ရခိုင်ပြည်သူအပေါင်းတို့ နှင့် မြန်မာတို့ ကိုတိုက်မည်ဟု သက္ကရာဇ် (၁၁၄၆)ခု တပေါင်းလတွင် ချီလာသော် မြန်မာမြို့ ဝန် နန္ဒပကျန်က ဆီးခံ၍တိုက်လေလျှင် ရခိုင်တို့  စစ်ပျက်စီး၍ ပြေးကြလေ၏။
ကျိန်းအရပ်၌ အစောင့်နေထားသော မြန်မာတို့ ကို အိမ်ရှေ့မင်းစစ်ကဲရဲဘော်သည် မြန်မာတို့ သည် မြောက်ဦးမြီု့ သို့  ပြေးဝင်ကြလေ၏။ မြို့ ဝန် နန္ဒပကျန်က တပ်မှုးတပ်သားကိုထွက်တိုက်စေလေသော် အိမ်ရှေ့မင်း စစ်ကဲရဲဘော်သည် နှင့် လူအများကို ဖမ်း၍ရလေလျှင် သတ်လျှက်ပစ်လေ၏။
မြို့ ဝန်နန္ဒပကျန်နှင့် မြို့ သူကြီး လေးခက်တောင်စား ငထွန်းစံတို့ က ရခိုင်ပြည်နိုင်ငံအလုံး၌ရှိသော လူတို့ ကို ပြောင်းလက်နက်ချရန်ဟု ခေါ်ပြီးလျှင် ပေါင်းတုတ်ပြင်၌ တစ်ထောင်၊ ကြက်ရိုးတောင်၌ တစ်ထောင်၊ စံကားတောင်၌ တစ်ထောင်၊ မြို့ တော် ပရိစ္ဆေဒ၌ သုံးသောင်း ခုနစ်ထောင်၊ ပုခက်တွင်သား သူငယ်များကို ဓားကစားသည် တစ်သောင်း၊ ဘုရားပေါ်အရပ်၊ ဒိုင်းကျီအရပ်၊ မောင်းဆွဲအရပ်၊ ငရကောင်အရပ်၊ ခေါင်းပြီုတောင်အရပ်၊ ပရိန်အရပ်၊ ပေါင်းတုတ်အရပ်၊ ရတနာပြင်အရပ်၊ လက်မဖက်အရပ်၊ တောင်တန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ။ ရမ်းပြည့်၊ မာန်အောင်အရပ်တို့ ၌ သတ်၍သေလေသည်ကား တစ်သိန်းရှစ်သောင်းလေးထောင်သေလေသည်။
သက္ကရာဇ်(၁၁၄၆)ခု တန်းခူးလဆန်းလေးရက် ကြသပတေးနေ့ တွင်ကား ချင်းရိုင်းတို့ သည် မဟာမုနိသိမ်တော်ကို မီးတိုက်လေ၏။ ဒါးပိုင်ကြီးကျော်ပုံသည် ရှောက်ခြုံညောင်ပန်းတွင် နေလေသော် မနေနိုင်သောကြောင့် ထွက်၍ပြေးရာ၌ လေးခက်တောင်စား ငထွန်းစံနှင့် မြန်မာတပ်မှူးတို့ ကို ဖမ်းဆီး၍ ယလေပြီးသော် မြောက်ဦးသို့ ရောက်လေလျှင် ညောင်ပန်ခေးတွင် အိမ်ဆောင်၍ထားလေ၏။
တောင်မင်းကျော်ထွေး၊ ဇုန္တာတ်ကြီးဘရွှေ၊ ဒါးပြန်စီးတို့ သည် အနောက်အရပ်က စစ်ရေးပြ၍ နေလာကြသည်ကို ကြားလေသော် မြီု့ ဝန်နန္ဒပကျန်လည်း တပ်မှူးသွေးသောက်တို့ နှင့် ဒါးပိုင်ကြိးကျော်ပုံကို စေခိုင်းလိုက်ရာ ဒါးပိုင်ကြီးကျော်ပုံသည် ကျောက်ဆစ်ဝယ်ထိုးကျင်သောအနာဖြစ်၍ မလိုက်နိုင်ဘဲ ကျန်လိုက်၏။ ဒါးပိုင်ကြီးကျော်ပုံမယား ကောင်းထင်ကျော်မလည်း မြို့ ဝန်နန္ဒပကျန်အိမ်သို့  တက်သက်လူးလာ အသွားအလာပြု၍ ဤလူတို့ ကိုထားချေသော် ပြည်ရွာငြိမ်းချမ်းမည်မဟုတ်ပါဟု စကားရိပ်ပြလေလျှင် နန္ဒပကျန် အကြာင်းကိုသိ၍ ဒါးပိုင်ကြီးကျော်ပုံမယား ကောင်းထင်ကျော်မကို မြို့ ဝန်နန္ဒပကျန် သိမ်းယူလေသည်။ တောင်မင်းကျော်ထွေးကား အနောက်ကုလားပြည်သို့  ပြေးလေ၍ အင်္ဂလိပ်မင်း စစ်တကောင်းမြို့ ဝန်ထံပန်ကြားလေ၏။ စစ်တကောင်းမြို့ ဝန်လည်း ဗိုလ်ချုပ်တပ်မှူးတို့ ကိုခန့် ထား၍ သူရဲတစ်ထောင်ကို တောင်မင်းကျော်ထွေးသို့ ပေးလိုက်၏။ တောင်မင်းကျော်ထွေးလည်း သူရဲတစ်ထောင်တို့ အား စားနတ်ရိက္ခာပေးရန် ဥစ္စာရွှေငွေမရှိသောကြောင့် နောင်တော်ဒါးပိုင်ကြီးစံရွှေဘိုကို ငွေဒင်္ဂါးချေးစေမည်ဟု စစ်တကောင်းမြို့ တွင်ထားခဲ့ပြီးမှ သက္ကရာဇ်(၁၁၄၇)ခု တန်ဆောင်မုန်းတွင် ရခိုင်ပြည်သို့  ချီလာ၍ ငတ်သို့ ရောက်လျှင် လက်ဝဲမြန်တုံးဖေါင်သည် မုဇုန္တာတ်ကြီးဘရွှေ ဒါးပြန်စီးလူပေါင်းတို့ ကို စုရုံး၍ တိုင်ပင်ကြ၏။ ရမ်းပြည့်မင်းသားပြုသည်ကို မရှုလို မနှစ်သက်သောကြောင့် မြန်မာမင်းတို့ ကို ခေါ်လျှင် မင်းပြုစေသည်။ ယ္ခု မြန်မာတို့ ကို ပြန်လှန်၍ တိုက်ဆိုင်မည် ကြံသည်ပြန်လည်း ရမ်းပြည့်သားပင်ဖြစ်ခဲ့ပြန်သည်။ နောင်လာလတ္တံ့ သော အကြောင်းကို ထောက်ကြည့်သော် အကျိုးမရှိတကားဟု ဆိုကြကုန်၏။ ဆိုကြပြီးလျှင် အင်္ဂလိပ်ဗိုလ်ချုပ်နှင့် တောင်မင်းကျော်ထွေးတို့ အကြားတွင် ဒါးပြန်စီး သာမကောင်းစံရွှေကို စကားပြန်စေ၏။ သာမကောင်းစံရွှေလည်း အင်္ဂလိပ်ဗိုလ်ချုပ်ကို တောင်မင်းကျော်ထွေးက ပြန်လှန်တိုက်ပြီးလျှင် ပြောင်းလက်နက်တို့ ကို သိမ်းယူမည်ကြံပါသည်။ ယုံတော်မမူလျှင် စစ်ဆောင်တံခွန်ကို ဆောက်တော်မူပါ။ တောင်မင်းကျော်ထွေး ပြောင်းနှင့်ပစ်မည်မချွတ်ပါဟု ဆိုလေ၏။ သာမကောင်စံရွှေ စကားကိုကြားသော် အင်္ဂလိပ်ဗိုလ်ချုပ်လည်း စစ်တံခွန်ကို ဆောက်စေ၏။ သာမကောင်းစံရွှေလည်း တောင်မင်းကျော်ထွေးအထံသို့ သွား၍ အင်္ဂလိပ်စစ်ဗိုလ် စစ်ဆံခွန်ဆောက်သည်ကို အထက်သကြား အောက်နဂါး ပြောင်းပစ်ရမည်ဟုဆိုပေ၏။ တောင်မင်းကျော်ထွေးလည်း သာမကောင်းစံရွှေဆိုသောစကားကို တကယ်ထင်မှတ်ချေ၍ အင်္ဂလိပ်ဗိုလ်ချုပ် ဆောက်စိုက်စေအပ်သော စစ်တံခွန်ကို ပြောင်းနှင့်ပစ်လေသော် အင်္ဂလိပ်ဗိုလ်ချုပ်လည်း သာမကောင်းစံရွှေပြောသောစကား မှန်ချေပြီဟု အလွန်မာန်ပါ၍ စစ်တကောင်းသို့  ပြန်သွားလေ၏။
တောင်မင်းကျော်ထွေးလည်း မြို့ သစ်ချောင်းညာဖျားသို့ ပြေးလေ၏။ လက်ဝဲမြန်တုံးဖောင်သည်၊ မုဇုန္တာတ်ကြီးဘရွှေ ဒါးပြန်စီးတို့ လည်း အနောက်ကုလားပြည် စစ်တကောင်းသို့ ပြေးကြလေကုန်၍ ရောက်ကြလေလျှင် အင်္ဂလိပ်မင်း စစ်တကောင်းမြို့ ဝန်က ကျေးရွာပေး၍ ထားလေ၏။ ရမ်းပြည့်ကျွန်း ကျောက်ဆစ်အရပ်တွင် သူရဲငါးရာ၌ တပ်စောင့်ထားခဲ့သူ နရသမိုင်းကျော်လည်၏ သက္ကရာဇ်(၁၁၄၇)ခု နတ်တော်လတွင် တန်းမြို့ အရပ်၌ တပ်တည်လာပြီးလျှင် မြို့ အလုံးကို သိန်းရုံး၍ ရမ်းပြည့်မြို့ ဝန်ပြုလုပ်ပြီးလျှင် ဗိုလ်မင်းလာဦး ရမ်းပြည့်ကြီးစားအရာခန့် ထားလေ၏။ မေဃဝတီ မာန်အောင်မြို့ စား ငထွန်းအောင်ကို ရမ်းပြည့်မြို့ ဝန် နရသမိုင်းကျော်ကခေါ်လျှက် သစ္စာရည်တိုက်၍ ငကုလားကို မာန်အောင်စားအရာခန့် ထားပြီးလျှင် မာန်အောင်ပြန်သွား၍ ရောက်လေလျှင် အထောင်မကသော သေနတ်ကိုလွဲတတ်သော ငမြရောင်နှင့်ပေါင်းဖက်၍ သောင်းကြမ်းပြန်လေ၏။
သက္ကရာဇ်(၁၁၄၇)ခု တပေါင်းလတွင် ရမ်းပြည့်မြို့ ဝန် နရသမိုင်းကျော်ချီသွား၍တိုက်လေသော် မာန်အောင်စား ငကုလားကိုဖမ်း၍ ရလေလျှင် သတ်၍ပစ်လေ၏။
သေနတ်လွဲတတ်သော ငမြအောင်ကား တောင်ခွင်ကြိမ်တလီသို့ ပြေးလေ၏။ ငချွန်းကို မာန်အောင်စားအရာခန့် ထား၍ လူများကို သစ္စာရည်တိုက်၍နေစဉ်ဝယ် ဓမ္မရစ်ရာဇာသားတော် အိမ်ရှေ့မင်းသား သက်စံရွှေ သမတရာဇာမင်း ညီတော် အိမ်ရှေ့မင်းသားချစ်လှရွှေတို့  လူသုံးထောင်နှင့်ဝန်းရံ၍ ပြည်မြို့ တပ်သား မြန်မာတို့ ကိုတိုက်လေ၏။ ရမ်းပြည့်မြို့ ဝန် နရသမိုင်းကျော်သည် မာန်အောင်ကရောက်လာ၍ တိုက်လေသော် အိမ်ရှေ့မင်းသက်စံရွှေ၊ ချစ်လှရွှေတို့  ပြေးကြလေကုန်၏။
တောင်ကုတ်တွင် တပ်စောင့်ထားသော ဆီးလားဗိုလ်လည်း သံတွဲမြို့  စံကားတောင်တွင် သက္ကရာဇ် (၁၁၄၇)ခု တပေါင်းလတွင် တပ်တည်လာ၏။ လမ္မူစား ဟရီနှင့် တပ်မှူးရဲစံတို့ တိုက်လေသော် စံကားတောင်တပ်ပျက်စီးလေ၏။ တပ်စောင့်ထားသော မြန်မာနာခံဖြူနှင့် သူရဲတို့ သေလေကုန်၏။ ဆီးခါးဗိုလ်မင်းလည်း ရမ်းပြည့်မြို့ ဝန် နရသမိုင်းကျော်ကို စစ်ကူခေါ်၍ တောင်ကုတ်ဝန် သူရဲတို့ နှင့် တိုက်ကြလေသော် တပ်မှူးရဲစံသေလေ၏။ ဟရီကား အမရပူရ ဘိုးတော်မင်းထံသို့ ပြေးလာ၏။ ရောက်လျှင် အကြောင်းခြင်းရာကို လျှောက်ထား၍ ကြားလေမူလေသော် အမရပူရဘိုးတော်မင်းက သက်တော်စောင့်သူရဲတို့ နှင့်တိုက်လေလျှင် လမ္မူစားဟရီနိုင်လေသောကြောင့် ယိုးဒယားပြည်ကို စစ်တိုက်သွားရာ အကြီးအမှူးပြုစေ၍ ဗိုလ်ချုပ်ခန့် တော်မူလေ၏။ တောင်ကုတ်ဝန် ဆီးခါးဗိုလ်လည်း သံတွဲမြို့ တွင် ရှေးအထက်က ဝါသုဒေဝမင်း ညီနောင်တကျိတ်တို့  တည်ထောင်ထားခဲ့သော ဒွါရဝတီမြို့ ဟောင်းရာ တောင်တွင် တပ်တည်၍နေ၏။ သံတွဲဝန် ဆီးခါးဗိုလ်လည်း ကုလားတန်စား သောကြာအစရှိသော လူကြီးတို့ ကို များစွာသတ်ပစ်ကုန်၏။ မေဃဝတီမာန်အောင်မြို့ တွင်လည်း မြို့ ဝန်တဦးထားသင့်ပါသည်ဟု ရမ်းပြည့်ဝန် နရသမိုင်းကျော်က အမရပူရဘိုးတော်မင်းအထံသို့  လျှောက်လေရာ ဘိုးတော်မင်း နရသမိုင်းကျော်၏ စစ်ကဲဖြစ်သော သမိုင်းရဲဖျားကို မာန်အောင်ကျွန်းတွင်း ဆေးသမားဗေဒင်တတ်တို့ ကို များစွာသတ်၍ပစ်လေ၏။
မာန်အောင်စား ငထွန်းအောင်ကို နရသမိုင်းကျော်က ဖမ်းဆီး၍ ပေါင်းဖက်သော လူတို့ နှင့်တကွ သတ်၍ပစ်လေ၏။ သမ္မတရာဇာညီ အိမ်ရှေ့မင်းချစ်လှရွှေကို ပြည်သူတို့ ဖမ်း၍ နရသမိုင်းကျော်အား အပ်ပို့ လာလျှင် သတ်၍ပစ်လေ၏။
အနောက်ဖက်မြို့ သစ်ချောင်းက တောင်မင်းကျော်ထွေး စစ်ရေးပြလျှက်နေသည်ဟု ရခိုင်မြို့ ဝန် နန္ဒပကျန်ကြားလေသော် တပ်မှူးတို့ ကိုစေလွှတ်၍ လိုက်သွားကြလေသော် မြုံ၊သက်တို့  လမ်းစဉ်ပြလျှက် လမ်းကျဉ်းကနေ၍ တိုက်ကြလေလျှင် သက္ကရာဇ်(၁၁၄၈)ခု ကဆုန်လတွင် တောင်မင်းကျော်ထွေးကို လက်နက်ထိမှန်၍သေလေ၏။ သားမယားတို့ ကို ဖမ်းယူပြီးလျှင် မိန်းမတို့ ကို လက်ခြေတို့ ၌ ကြိုးနှင့်ချဉ်နှောင်၍ မြစ်တွင်ပစ်ချလေ၏။ အနောက်ပြည်မှ လာရောက်ကြသူ လူအပေါင်းကိုလည်း တောင်မင်းကျော်ထွေးသူရဲဟု များစွာသတ်၍ပစ်လေ၏။
သက္ကရာဇ် (၁၁၄၈)ခု ဝါဆို၊ဝါခေါင်၊ တော်သလင်းလတိုင်အောင် ကျားရဲ၏။ ထမင်းငတ်၏။ စပါးအတောင်းတစ်ရာကို ဒင်္ဂါးသုံးဆယ်ပေးရ၏။ လူသူများစွာ သေပျောက်ကုန်၏။ ရခိုင်ပြည် သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်၌ရှိကုန်သော မှူးမတ်အပေါင်းတို့ ကို အသီးအသီး သတ်၍ပစ်ကုန်၏။ ပြောင်း၊ သေနတ်၊ ဒါးရှည်၊ လှံရှည်၊ ဒိုင်း၊ လွှား၊ ကာတောင်၊ ခဲယမ်းမီးကျောက်တို့ သည် သိမ်းရုံး၍ ယူလေကုန်၏။ အရက်သေစာတို့ ကိုလည်း မသောက်စေရ၊ ဟန့် တားခြင်းပြုလေ၏။
ရခိုင်မြို့ ဝန် နန္ဒပကျန်သည် ဓညဝတီ ရခိုင်ပြည်မြောက်ဦးမြို့ တွင် နေသောသူတို့ သည် ရွှေငွေတို့ ကို ဒင်္ဂါးရိုက်ခတ်၍သာ သုံးပါသည်၊ ကျပ်ချိန်ခြင်တွယ်၍ မသုံးဆောင်ပါဟု အမရပူရ ဘိုးတော်မင်းထံ လျှောက်စာတင်လေသော် ဘိုးတော်မင်းက သက္ကရာဇ် (၁၁၄၆)ခု အမရပူရ ဆင်ဖြူများရှင်နိုင်ငံဟု တံဆိပ်ခတ်လျှက် ဒင်္ဂါးကိုလည်း ပုံတော်ဒင်္ဂါးဟုခေါ်လေ၊ အာဏာပေးတော်မူလိုက်လျှင် ထိုအတိုင်းဒင်္ဂါးရိုက်၍ ပုံတော်ဒင်္ဂါးဟုခေါ်ဝေါ်၍ ရခိုင်လေးမြို့ ၌ အသီးသီး သုံးဆောင်ကြကုန်၏။
ငသံထွေလည်း သမက်သက်နှံဝေကို အမရပူရဘိုးတော်မင်း၏ သားတော်အိမ်ရှေ့မင်းမောင်ပေါ်အထံဝယ် အဆောင်မြဲအရာနှင့်ထည့်အပ်လိုက်၍ အမရပူရမြို့ တော်သို့ ရောက်လေလျှင် လေးခက်တောင်စားငထွန်းစံကို ရခိုင်မြို့ သူကြီးအရာနှတ်၍ ရမ်းပြည့်မြို့ သူကြီးအရာခန့် လေ၏။ ငသံထွေကို ရခိုင်မြို့ သူကြီးအရာခန့် ၏။ သမက်သက်နှံဝေကိုကား လေးမြို့ သူကြီးအရာကိုခန့် ထားပြီးလျှင် အမရပူရဘိုးတော်မင်း၏ သားတော်အိမ်ရှေ့မင်း မောင်ပေါ်အထံ၌ပင် အဆောင်အမြဲအရာ၌ပင် နေလေ၏။ ရခိုင်မြို့ ဝန် နန္ဒပကျန်နှင့် မြို့ သူကြိးငသံထွေတို့ သည် အရပ်ရပ်ကျေးရွာများတို့ တွင် အအုပ်အချုပ်စီရင်စေရန် မြန်မာတစ်ယောက် တစ်ယောက်စီ ခန့် ထားကြလေကုန်၏။
အနောက်ခုနစ်ခရိုင်တောင်စဉ်ရွာသူတို့ သည် ငါတို့ မြန်မာသစ္စာရေအဝင်မခံဟု ရည်းပြည့စားပေါလုံး၊ လမ္မူစားငလာခိုင်တို့ နှင့် ပေါင်းဖက်၍ နေလေရာသလောဟု သံတွဲမြို့ ဝန်က ရာဇသင်္ကြန်၏ စစ်ကဲကြီးငလှကို စေလိုက်၏။ ရာဇသင်္ကြန် စစ်ကဲကြီးငလှတို့ သွားရောက်ကြလေ၍ စနဲသို့ ရောက်လေလျှင် သက္ကရာဇ် ၁၁၄၉ ကဆုန်လတွင် စနဲရွာသူတို့ ကို သိမ်းရုံးယူ၍ မြေလှန်ပြီးလျှင် သစ်ပစ်လေ၏။ မိန်းမတို့ ကို ယူဆောင်လေကုန်သည်ဖြစ်၍ စနဲရွာလည်း လူမရှိဖြစ်လေသည်။
ရခိုင်ပြည်ဝယ် သဗ္ဗညုမြတ်စွာဘုရား သာသနာတော်ကို ထမ်းရွက်ကျင့်ဆောင်၍နေကြသော ရဟန်းသံဃာတို့ သည် ဧကစာရဂိုဏ်း၊ ဗဟုစာရဂိုဏ်းဟူ၍ နှစ်ဂိုဏ်းရှိကုန်၏။ ထိုနှစ်ဂိုဏ်းကို ဂန္ဓဓူရ၊ ဝီပဿနာဓူရတို့ ကို ပွါးများစေလျှက် ဥမင်လှိုဏ်ခေါင်း တောကျောင်းတို့ ၌ သီတင်းသုံးနေကုန်သော ရဟန်းတို့ ကို ဧကစာရဂိုဏ်ဟုခေါ်ဝေါ်ကြကုန်၏။ ထိုဧကစာရဂိုဏ်းသံဃာတို့ သည် တိမ်မြုပ်လေကုန်၏။
လူတို့ ၏ ပစ္စည်းများကို ချေးငှား၍စားသုံး၏။ ကုန်သွယ်သွားလာခြင်းအမှုကိုပြု၏။ မင်းထံညီလာခံဝင်၏။ မျှား၊ မြုံပိုက်၊ ကွန်တို့ ကို ကျောင်းတွင် အအပ်အနှံခံ၏။ ပွဲလန်းသဘင်ကြည့်ရှု၏။ ဤသို့ များစွာ အကျင့်ရှိသောကြောင့် ဗဟုစာရဂိုဏ်းဟုခေါ်ဝေါ်ကုန်၏။ ထိုဗဟုစာရဂိုဏ်းသံဃာတို့ ကို အဝတ်ဖြူလှဲစေ၍ ရဟန်းအသစ်ဖြစ်စိမ့်သောငှာ အမရပူရဘိုးတော်မင်းက ရခိုင်ပြည်သို့  ဘုတ်တောင်ဆရာတော်၊ ငှက်ကေဿပျာတောဆရာတော်၊ ရွှေဂူဆရာတော်၊ သံလျှင်မြို့ က ကဝိသာရဆရာတော်၊ ရမ်းပြည့်၊ မာန်အောင်သို့  မလွန်ဆရာတော်၊ ဤဆရာတော်တို့ ကို ကြွစေတော်မူ၍ သိမ်သမုတ်ပြီးလျှင် သက္ကရာဇ် (၁၁၄၉) ခု တပေါင်းလတွင် ကမ္မဥတိ၍ ရဟန်းအသစ်ပြုစေ၏။ ရဟန်းငယ်တို့ ကို ပဌမ ရဟန်းပြုစေ၍ ရဟန်းကြီးဖြစ်စေ၏။ ရဟန်းကြီးတို့ ကို နောက်မှ ရဟန်းပြုစေ၍ အငယ်ဖြစ်စေ၏။ သူ့ ကျေး၊ သူ့ ကျွန်၊ ဒွန်းစဏ္ဍား၊ ဟယား၊ ချင်း၊ တောင်သူတို့ ကိုလည်း ရဟန်းရှင်သာမဏေပြုစေ၍ လူများတို့ ကို ရှိခိုးစေ၏။ ရာဇဝံသ မင်းမျိုးမင်းနွယ်ဖြစ်သောသူတို့ ကို နှိမ့်ချ၍ ဗဟုကမ္မအမှုကို ပြုစေကုန်၏။ ထိုသို့ သော ရွာနိဂုံးတို့ တွင်လည်း မြေကြီးကို သိမ်ပမာပြု၍ သိမ်သမုတ်လေ၏။ ထိုအခါမှစ၍ ရခိုင်ပြည်ရဟန်းတို့ ၏ သိက္ခာကျင့်သည် တိမ်မြုပ်လေ၏။ မြန်မာရဟန်းတို့ ၏ သိက္ခာအကျင့်သည် ပြန့် ပွါးလေ၏။ ဤသည်ကား ဆရာငမည်းရာဇဝင်၌လာသော ဗဟုစာရ ရဟန်းတို့ အကြောင်း၊ မြန်မာရဟန်းတို့  သာမဏေပြုတော်မူလေသည့် အကြောင်းတည်း
အချို့ ရာဇဝင်၌ကား။ ။ ရပ်ရွာ၊ မြို့ တွင်းတို့ ၌ ထီးဆောင်း၊ ဘိနပ်စီး၊ လှည်းယဉ်၊ လှေယဉ်စီး၍သွားကုန်၏။ ညနေအခါ ပျားသကာ၊ တင်လဲးတို့ နှင့် လက်ဘက်ရည်သောက်ကြကုန်၏။ ဤသို့ ဝိနည်းအကျင့်ပျက်စီး၍ မိမိသဘောအလျှောက် ဖေါက်လွဲဖေါက်ပြန်သောအကျင့်များနှင့် အလိုရှိရာကျင့်သော အကျင့်ရှိသော ရဟန်းများစွာရှိသောကြောင့် ဗဟုစာရဂိုဏ်းဟု ခေါ်ဝေါ်သမုတ်ကြောင်း၊ မြန်မာဆရာတော်ငါးဦးတွင်လည်း ဘုတ်တောင်ဆရာတော်ကို မုံတော၊ ရွှေဂူဆရာတော်ကို ရွှေကျင်ဆရာတော်ဟု ဆိုလေသည်။ ရွှေကျင်ဆရာတော်ကား ဘိုးတော်မင်းနောက် လေးဆက်မြောက် မင်းတုံးမင်းလက်ထက်တွင်သာ ဖြစ်လာသောကြောင့် ဆင်ခြင်လေ။
အမရပူရပြည့်ရှင်ဘိုးတော်မင်းက စေလွှတ်တော်မူ၍ သာသနာပြုတော်မူလေရာ အငယ်ကို အကြီး၊ အကြီးကို အငယ်ပြုစေသော အဖြစ်ကို ပညာရှိတို့ နှစ်လိုဝမ်းမြောက်ဖွယ်မဟုတ်ကြောင်းကို မုံရွေးဆရာတော်ရေးသားစီရင်တော်မူအပ်သော ရာဇောဝါဒကျမ်း (၃၉၈) နံပါတ်တွင်။ ထုံးပုံအဝဝ၊ ဇာတိနှင့်ပဝတ္တိ၊ ဌာန နှင့် ဌာနီ၊ ယာယီနှင့် နဂိုရ်၊ အတို အရှည်၊ ဌာဝရ မည် မမည်၊ တည်သင့်သည်၊ ပျက်သင့်သည်ကို နားလည်မှ ပျော်ရာသည်၊ ဟူသော လင်္ကာအဖြေ၌ ခ-ဆ-ပဉ္စာ ကိန်းဖြိုပြီးနောက် မြန်မာသက္ကရာဇ် (၈၂၀)ပြည့်တွင် ဟံသာဝတီ ပဲခိုးပြည်၌ မင်းမူသော ဓမ္မစေတီမင်းသည် သီဟိုဠ်မှ သိက္ခာပုဒ်အသစ်ကို ယူစေပြီးလျှင် ကလျာဏီသိမ်ကို သမုတ်စေ၍ သိက္ခာတင်လိုသော ရဟန်းတို့ ရောက်လာလျှင် အဟောင်းတွင်ထပ်၍ တင်ပေးသင့်လျှက် အလုံးစုံသော ရဟန်းတို့ ကို သိက္ခာဟောင်းကို ချစေ၍ အသစ်တင်ပြစေသည့်အရာသည် သိက္ခာဟောင်း ရှင်ရဟန်းတို့  အလုံးစုံ ဒုဿီလချဉ်းမဟုတ်၊ မိမိသမုတ်စေအပ်သော ပဝတ္တိကလျာဏီသိမ်မဖြစ်မှီ နဒီသိမ်၊ ဂါမသိမ်၊ စသော အဗဒ္ဓသိမ်ဟောင်းကို ပစ်၍ နောက်ဖြစ် ပဝတ္တိကလျာဏီသိမ်၌သာ သိက္ခာပုဒ်အသစ်ယူစေသဖြင့် အငယ်ကို အကြီး၊ အကြီးကို အငယ်ပြုစေခြင်းများသည် လွန်ကျူးလွန်သည်။ မိမိသည်ပင် သေခါနီးကာလ၌ ငါပြုမိလေခြင်းဟု ကုက္ကုစ္စ လေးပါးနှင့် သေလေကြောင်း တို့ ကို ထောက်လျှင် ဝမ်းမြောက်ဖွယ်ရာမရှိ၊ ပညာရှိတို့  ကဲ့ရဲ့အပ်သော အကြောင်းသာ ဖြစ်သည်ဟု ယူသင့်သည်။ သက္ကရာဇ်တို့ နှင့်တကွ သိရအောင် ရေးပြလိုက်သည်။ ။ ဤသည်ကား စကားချပ်။
ရခိုင်ပြည်သည် စစ်၏ခေါင်းမည်သော စစ်သူကြီး၊ စစ်၏မျက်စိမည်သော ဟူးရားတတ်၊ စစ်၏နာ မည်သော သူလျှိုလိမ္မာ၊ စစ်၏အားမည်သော ဗိုလ်ပါရဲမက်၊ စစ်၏ခံတွင်းမည်သော တမန်လိမ္မာ၊ စစ်၏အစွယ်မည်သော အမတ်သူရဲကောင်း၊ စစ်၏ခြေမည်သော ခြေသည်သူရဲ၊ စစ်၏အင်္ဂါမည်သော ဆင်ကောင်း၊ မြင်းကောင်း၊ လက်နက်ကောင်း ရှိသည်ဟု ဆိုအပ်သော ရှစ်ပါးနှင့်ပြည့်စုံသောကြောင့်၊ နောက်နောင်ပြန်လည်တိုက်ခိုက်လတ္တံ့ သည်ကို စိုးရိမ်၍ အမရပူရပြည့်ရှင်ဘိုးတော်မင်းက ငါတို့  ရခိုင်ပြည့ှ်ရှင် အဘယရာဇာသားတော် ပတင်းစားစံရွှေပေါ်၊ သုမနရာဇာမင်းသားတော် ကျော်စံ၊ ဒါးပိုင်ကြီး၊ ဓမ္မရာဇ်ရာဇာသားတော် ရေနောက်စား၊ သုဒေါ်ဦး၊ ဤမှတပါး မင်းသား၊ မင်းသမီး၊ ဝိနည်းဓိုရ်၊ ရှစ်သောင်းဘုန်းတော်ကြီး တေဇာရာမ၊ သကျမဉ္ဖူ၊ ရတနာစံဦး၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်၊ ပိန္နဲတောင်ဘုန်းတော်ကြီး၊ ပုရောဟိတ်ရှစ်တိုင်း၊ ပုဏ္ဏားစကြဝတေး၊ ဗေဒင်တတ်၊ ဆေးသမား၊ ကိုယ်တော်ရံ၊ သူငယ်တော် ယောက်ျားမိန်းမ ခုနစ်ထောင့်ခုနစ်ရာ၊ မိန်းမစိုး ကုလား အစရှိသော လူရှင်ရဟန်းတို့ ကို ရခိုင်မြို့ ဝန် နန္ဒပကျန်အားတောင်းသောကြောင့် သက္ကရာဇ် (၁၁၄၉)ခု တပေါင်းလတွင် အမရပူရမြို့ တော်သို့  ပို့ ဆက်ရသည်။
ရေ၌ရှိသောပန်း၊ ကြည်း၌ရှိသောပန်းတို့ ကိုလည်း ဆက်သွင်းရလေသည်။ ကြည်းပန်းတွင် သဇင်ပန်းသည် နှစ်စဉ်ဆက်သွင်းရသော မင်း၏ဘဏ္ဍာတော်ဖြစ်၏။ ပိဋိကတ်ကျမ်း၊ ဗေဒင်ဟိရကျမ်း ငါးဆယ့်ခြောက်စောင်တို့ ကိုလည်း ပေးဆက်ရလေ၏။
မြောက်ဦးမြို့ တွင် ကျောင်းကြီးသုံးဆယ်၊ ကျောင်းငယ်သုံးထောင်ခုနစ်ရာ၊ ရခိုင်ပြည်နိုင်ငံအလုံး၌ သိမ်ကျောင်းစေတီပုထိုးတို့ ကို ဖျက်ဆီး၍ပစ်လေ၏။ ရွှေနန်းတော်၊ နာရီစင်၊ ယွန်းစည်၊ မြို့ ဝင်တံခါး၊ တိုင်၊ ကျုံး၊ မြောင်း၊ သူရဲပြေး၊ လက်နက်၊ ရဲမက်ဗိုလ်ပါ၊ ပညာရှိ တံခါးစောင့်၊ မြင့်သောမြို့ ရိုး၊ တံတိုင်းဟုဆိုအပ်သော မြို့ ၏အင်္ဂါခုနစ်ပါး၊ တိုင်းပြည်အရေးကို ဆွေးနွေးတိုင်ပင်ရာသော အမတ်ကြီးသည် ပြည်ဦးကင်း၊ အကျင့်သီလနှင့်ပြည့်စုံသော ရဟန်းတော်သည် ပြည့်တံခွန်၊ တိုရှည် နီးဝေးကို မျှော်တွေးသိမြင်သော ဗေဒင်ဟူးရား ဆေးသမားသည် ပြည်မျက်စိ၊ တပြည်တမြို့ နားသို့  ဝင်လျှိုးစုံစမ်းတတ်သော သူလျှိုသည် ပြည်နား၊ တဖက်ရန်ကို နှိမ်နှင်းခြင်းငှာ စွမ်းနိုင်သော မင်းဆွေစိုးမျိုးသည် ပြည်စွယ်၊ သမီးကညာရတနာသည် ပြည်မျက်နှာ၊ သူဌေးသူကြွယ်သည် ပြည်ဝမ်း၊ သူရဲဗိုလ်ပါသည် ပြည်ခြေ၊ လက်နက်ကိရိယာသည် ပြည်လက်ဟု ဆိုအပ်သော နဝရတ်ကိုးပါးတို့ သည် သက္ကရာဇ် (၁၁၅၀)ပြည့်တွင် တိမ်မြုပ်လေကုန်၏။ မြန်မာမင်းတို့ သည် အောင်စေတီနှင့် ကျောင်းသိမ် အသစ်တည်ဆောက်လေကုန်၏။ မြို့ ဝန်နန္ဒပကျန်သည် လေးနှစ် ရခိုင်ပြည်တွင် အုပ်ချုပ်နေထိုင်၍ သေလွန်သည်။
နန္ဒပကျန်သေလွန်လျှင် အနောက်ဖက်တိုက်ဝန်သည် သက္ကရာဇ် (၁၁၅၀) ပြည့် နတ်တော်လဆန်းကိုးရက်နေ့ တွင် ရခိုင်မြို့ ကို ဝန်ပြုလာ၏။ ရခိုင်မြို့ ၊ သံတွဲမြို့ ၊ ရမ်းပြည့်မြို့ ၊ မာန်အော်မြို့  ၊ ဤလေးမြို့ တို့ ကို သူငယ်တော် တရာ့တကျိပ် တောင်းသောကြောင်း၎င်း၊ သက္ကရာဇ်(၁၁၅၀) နတ်တော်လတွင် အမရပူရ ဘိုးတော်ထံသို့  သူငယ်တော်တို့ ဆက်ရလေ၏။
မြန်မာတို့ ပိုင်သော ငါးဆယ်ခုနစ်ခရိုင်တွင် ဇင်းမယ်သည် သောင်းကျမ်းပုန်ကန်ပြုသောကြောင့် အမရပူရဘိုးတော်မင်းက ဗိုလ်မှူး၊ တပ်မှူးတို့ ကို စေလွှတ်၍ တိုက်စေသော်လည်း မနိုင်သည်ဖြစ်၍ ရခိုင်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင် လေးမြို့ ကို လူခြောက်ထောင် တောင်း၍ရလေလျှင် ပိန္နဲချောင်းဗိုလ်၊ ဒါးပိုင်ကြိး၊ စာငယ်စွယ်ကို ဗိုလ်ချုပ်ခန့် ၍ သက္ကရာဇ် (၁၁၅၁)ခု နံယုန်လတွင် အမရပူရမြို့ တော်သို့ စေလွှတ်၍ ဇင်းမယ်ကို တိုက်ရလေ၏။ ရခိုငသားတို့ သည် ငှက်ဖျားမိ၍ များစွာသေလေကုန်၏။ ၄င်းအနောက်ဖက်တိုက်ဝန်ကား နှစ်နှစ်တွင် မြို့ ဝန်ရာထူးမှ လျောကျသွားလေ၏။ ၂ ။
အနောက်ဖက်တိုင်းဝန်ရာထူးမှ လျောကျသွားလေလျှင် ပုသိမ်သခင်သည် မင်းသီဟအမည်ကိုခံ၍ သက္ကရာဇ် (၁၁၅၂)ခု တပေါင်းလတွင် ရခိုင်မြို့ ကို ဝန်ပြုလာပြန်၏။ ထိုမြို့ ဝန်ကား မင်းဆွေမင်းမျိုးမှ ဖြစ်သောကြောင့် အမျိုးလေးပါးတို့ အား သနားခြင်းရှိ၏။ ရွှေငွေ ဥစ္စာကို တောင်းခံမယူ၊ ဒါနသီလနှင့်လည်း ပြည့်စုံ၏။ ရခိုင်မြို့ ကို ဝန်ပြု၍ တစ်နှစ်ခန့် ရှိလျှင် သေလွန်လေ၏။ ၃ ။
ထိုဝန်မင်းသေပြန်လျှင် တိုင်းတားဝန်သည် အာကာကျော်ထင်ဟူသော အမည်ကိုခံ၍ သက္ကရာဇ် (၁၁၅၃)ခု တန်းခူးလတွင် ရခိုင်မြို့ ကို ဝန်ပြုလာပြန်၏။ ၄င်းအာကာကျော်ထင်ကား နှစ်နှစ်အတွင်း ရာထူးမှ လျောကျလေ၏။ ၄ ။
အာကာကျော်ထင် ဝန်ရာထူးမှ လျောကျသွားလျှင် မောင်ကျော်လှသည် မင်းလှရာဇာအမည်ကို ခံယူ၍ သက္ကရာဇ် (၁၁၅၅)ခု တပို့ တွဲလဆန်း (၉)ရက် စနေနေ့ တွင် ရခိုင်မြို့ ဝန် ပြုလာပြန်၏။ ထိုမင်းလှရာဇာလက်ထက်၌ မြို့ သူကြီးငသံထွေသမက် လေးမြို့ သူကြီး သက်နှံဝေသည် စစ်တကောင်းသို့  ထွက်ပြေးတိမ်းရှောင်၍နေသော ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင် သုံးယောက်တို့ ကို တောင်းအံ့ဟု စစ်တကောင်းတို့  ချီလေ၏။ နေမျိုးကုန္တရာ၊ သက်နှံဝေ၊ ပေါတာလီ၊ မြန်မာတပ်မှူး၊ ဗိုလ်မှူးတို့ နှင့် စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်ဗိုလ်မှူး တပ်မှူးတို့ တပ်ရေးပြ၍နေကြပြီးသော် စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်အစိုးရမင်းထံ မြန်မာအစိုးရမင်းတို့ ပေးလိုက်သော လက်ဆောင်ပဏ္ဏာကိုယူ၍ အစေ့အစပ်ပြောဆိုပြီးလျှင် စစ်တကောင်းမြို့ ဝန်က ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင်တို့ သည် အမိဝမ်းတွင်းကဖွါးသည်မှစ၍ တဆယ့်ငါးနှစ်အရွယ်သို့ ရောက်လျှင် ဒါးမြ တန္ဒ သူပုန်သူကန် ပြုလုပ်၍သာ နေကြသူများဖြစ်ကြောင်းနှင့် စက္ကူတွင် စာရေး၍ ဘင်္ဂလားပြည်မှစ၍ အိန္ဒီယတလယ်တရိုးကို အစိုးရသော ဘင်္ဂလားမြို့  အိန္ဒိယ ကုမ္ပဏီမင်းကြီးထံသို့  လျှောက်စာတင်လေ၏။ ဘင်္ဂလားမြို့  အိန္ဒီယကုမ္ပဏီ မင်းကြီးလည်း စာကိုကြည့်ရှုပြီးသော် လျှောက်တင်ချက်အတိုင်းမှန်လျှင် လုံခြုံအောင်ထားလေ၊ မမှန်လျှင် ရခိုင်သို့  ပြန်ပို့ စေဟု စစ်တကောင်းမြို့ ဝန်ထံသို့  အာဏာဆင်လိုက်၏။ မြန်မာအစိုးရမင်းတို့ လည်း ရခိုင် သံတွဲ ရမ်းပြည့် မာန်အောင် လေးမြို့ တွင် လင်မယားအိမ်ထောင်စုံသူကို တအိမ်လျှင် ငွေဒင်္ဂါးငါးကျပ်ကျစီ တောင်းခံ၍ ရသည့်ငွေ တသိန်းနှစ်ထောင်ကို စစ်တကောင်းမြို့ ဝန်သို့ ပေးလေလျှင် စစ်တကောင်းမြို့ ဝန်လည်း သိမ်းယူ၍ ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင်တို့ ကို ခေါ်၍ ရခိုင်ပြည်တွင်နေသော မြန်မာတို့ ကို တိုက်လှန်ဖျက်ဆီးပြိးလျှင် ကိုယ်တို့  သုံးယောက်တွင် တယောက်ယောက်ကို မင်းတင်မည်ဟု လှည့်ပတ်ပြောဆိုပြီးမှ ဆင်ကျောက်ကုံး၌တင်၍ မြန်မာအစိုးရမင်းတို့ မြင်အောင်ပြလေ၏။ ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင်တို့ လည်း မေ့မေ့လျော့လျော့ နေလေကုန်လျှင် စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်လည်း သက္ကရာဇ် (၁၁၅၆)ခု ပြာသို လပြည့်ကျော်နှစ်ရက် တနင်္ဂနွေနေ့ တွင် ပင်းဝါရာဇာဖက်အရပ်တွင် ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင်တို့ ကို မြန်မာအစိုးရလက်သို့  ပေးအပ်လိုက်လေလျှင် စုရုံးလျှက် သံခြေကျင်းခတ်ပြီးလျှင်ထားလေ၏။
လေးမြို သူကြီး သက်နှံဝေက ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင်တို့ ကို အကျွန်ပ်တို့ ယူဆောင်သွားလေလျှင် လမ်းကဆီးဆို့ ၍ သူရဲလက်နက်ကိုင်တို့ လုယူပြန်သော် မခက်ပါလောဟု စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်ကို ပြောဆိုလေ၏။ စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်လည်း သူရဲလက်နက်ကိုင်တို့ ကို စည်းကြပ်၍ ကုလားဆင်ချောင်းဖျားတိုင်အောင် ပို့ လိုက်လေ၏။ ငစိန်ရောင်၊ ငမြရောင်၊ ငပက်လက်၊ ကိုးခွက်စား၊ ထွန်းဦး၊ မျက်မှောင်ဖြူ၊ တိုင်းချစ်ပရံ၊ နတ်တောင်စားရွှေကျော်၊ ဆင်ဆယ်စီး ဤလူကိုးယောက်တို့ ကား ပြေးပုန်းတိမ်းရှောင်သဖြင့် လွတ်လေကုန်၏။ မြန်မာအစိုးရမင်းတို့ လည်း ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင်တို့ ကို ရခိုင်ပြည်သို့  ယူဆောင်၍ရောက်လျှင် လေးမြို့ သူကြီး သက်နှံဝေကို များစွာချိးမွမ်း၍ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံကုန်၏။
သက္ကရာဇ် (၁၁၅၇)ခု ကဆုန်လဆန်းခြောက်ရက် ကြာသပတေးနေ့ တွင် ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင်တို့ ကို အမရပူရမြို့ တော်သို့  ကြည်းဆောင်လေသော် စလင်းဆင်ဖြူကျွန်းသို့ ရောက်လေလျှင် ငခွက်ပေါက်နှင့် ကျွဲတကောင်နိုင်တို့ သည် သံခြေကျင်းကို ချိုး၍ ထွက်ပြေးလေသော် ယောက်ျား၊ မိန်းမ လူအပေါင်း ဝန်းရံဖမ်းဆီးလေ၏။ ငပေါလုံးနှင့် ငခွက်ပေါက်တို့ ကို အမရပူရမြို့ တော်သို့  ယူဆောင်၍ အစစ်ခံရုံးတော်တွင်အပ်ပေးလေ၏။ ဝန်ထောက်ကျော်ခိုင်က မုတ္တမမြို့ သို့  စပါးပို့ သွားရာတွင် မောင်မင်းငပေါလုံးသည် ဓါးလက်ဝတွင် ငါ့ကိုတိုက်ပြီးလျှင် အနောက်ကုလားပြည်သို့  ထွက်ပြေးလေ၏။ ယ္ခု စင်္ကြာသခင်ရေမြေ့ ရှင် ဘုန်းတော်ကြောင့် မလွတ်နိုင်၍ ရောက်လာရသည်၊ ညွတ်ကွင်းတွင်ငြိသော ငှက်ကဲ့သို့ ဖြစ်ခဲ့ပြီ၊ ကိုယ်ခန္ဓာအသက်ရှိသေး၏လောဟု မေး၏။
ရမ်းပြည့်စား ငပေါလုံးကလည်း ဝန်ထောက်ကျော်ခိုင် မောင်မင်းကို ငါတိုက်လေလျှင် ဒါးလက်ချောင်းသို့ ဝင်ပြေးလေသောကြောင့် အသက်ချမ်းသာလေသည်။ အဓမ္မ မတရားသော အကျင့်အကြံဖြင့် စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်သည် ဥစ္စာရွှေငွေ တံစိုးလက်ဆောာင်စားပြီးလျှင် ဖမ်းဆီးပေး၍ ရလေသည်။ မောင်မင်းအစွမ်းသတ္တိကြောင့် ရသည်မဟုတ်။ ကိုယ့်ခန္ဓာအသက်ပျက်ရသည်ကား သုံးဆယ့်တဘုံမှာ လွန်သူမရှိဟု ဆို၏။
ဝန်မင်းကြီးလည်း ဝန်ထောက်တို့ လည်း ငပေါလုံး ငခွက်ပေါက်တို့  ရွှေဖဝါးတော်အောက်သို့ ရောက်လာကြောင်းကို အမရပူရရွှေနန်းရှင်ဘိုးတော်မင်းအား လျှောက်ထားလေလျှင် အသက်ကို အဆုံးစီရင်စေဟု အမိန့် ပေးတော်မူလိုက်၏။
ထောင်မှူးသူသတ်တို့ လည်း ငပေါလုံး ငခွက်ပေါက်တို့ ကို သုဿာန်သို့  ယူဆောင်ပြီးလျှင် သက္ကရာဇ် (၁၁၅၇)ခု နံယုန်လတွင် လက်ဝါးကပ်ရိုက်လျှက် သတ်ပြီးသော် စောင့်ထား၍နေစေကုန်၏။ ရခိုင်လေးမြို့ သူကြီး သက်နှံဝေတို့ ကိုလည်း ကြည့်၍နေစေလေ၏။ ငပေါလုံးသည် အမရပူရဘိုးတော်မင်းကို များစွာဆဲရေးမြည်တမ်းလေ၏။ လက်ဝါးရိုက်နာရီမှစ၍ နှစ်ဆယ့်လေးနာရီအတွင်းမှာ ငခွက်ပေါက် သေလေ၏။ ငပေါလုံးကား နာရီခြောက်ဆယ်ပြည့်မှ သေလေ၏။
ကာသပ်အမည်ရှိသော ဘင်္ဂလားမြို့  အင်္ဂလိပ်ကုမ္ပဏီမင်းကြီးသည် ငပေါလုံး ငခွက်ပေါက်တို့ ကို စစ်တကောင်းမြို့ ဝန်က မြန်မာအစိုးမင်းတို့ လက်သို့  ပေးအပ်လိုက်ကြောင်းကို သူတပါးလျှောက်ကြား၍ သိလေလျှင် အလွန်ရှက်လှသည်ဖြစ်၍ စစ်တကောင်းမြို့ ဝန်ကို အပြစ်ဒဏ်ပေး၍ စစ်တကောင်းမြို့ မှ နှတ်ယူပြီးလျှင် ဗိုလ်မှူးခန့် ၍ နိပေါသို့  စစ်တိုက်ထည့်လိုက်၏။ ငပေါလုံး ငခွက်ပေါက် ကျွဲတကောင်နိုင်တို့ ကို မြန်မာအစိုးရမင်းလက်သို့  ပေးလိုက်သောကာလ ဝန်းရံ၍လိုက်ကြသော သူရဲတို့ ကိုကား ဘင်္ဂလားမြို့ အနောက်ဖက် အရပ်၌ မြေကိုတူးထွင်း၍ လမ်းတလျှောက်ကို ဖို့ ရန် စေခိုင်းလိုက်၏။ ဤအရာတွင် အချို့ ရာဇဝင်သစ်တို့ ၌ ကာသပ်အမည်ရှိသော အင်္ဂလိပ်မင်းသည် ဘင်္ဂလားမြို့ သို့  ပြန်သွား၍ ဘိလပ်မြို့ သို့  လျှောက်စာတင်ကြောင်း ဘိလပ်အစိုးရမင်းတို့  အလွန်ရှက်၍ စစ်တကောင်းစားကို ဒါဏ်ပေး၍ စစ်တကောင်းမှနှတ်၍ နိပေါသို့  စစ်တိုက်ထည့်လိုက်ကြောင်း ဆိုလေသည်။ ယင်းသို့  ဆိုခြင်းသည် အင်္ဂလိပ်ဘုရင်မင်းတို့ သည် ဘိလပ်တွင်သာရှိသည်ကို သဘောထား၍ ရေးသားပြဆိုဟန်တူလေသည်။ ယင်းသို့ တူလေသော်လည်း ထိုခေတ်ကား ဘင်္ဂလားစသော အိန္ဒီယအလယ်တရိုးကို အင်္ဂလိပ်လူမျိုး အိန္ဒီယ ကုမ္ပဏီမင်းတို့ သာ စိုးပိုင်အုပ်ချုပ်၍ မင်းပြုလုပ်နေသော ခေတ်ကာလ ဖြစ်ပေသောကြောင့် ဘိလပ်သို့ စာတင်ရန်လိုလိမ့်မည်မထင်၊ ဘင်္ဂလားကုမ္ပဏီမင်းကြီးပင် အလိုရှိရာ စီရင်ဆုံးဖြတ်ပြုပြင်နိုင်သည်ဟူ၍သာ မှတ်ရမည်။ ထိုအကြောင်းကို အမြွတ်မျှ ရေးပြလိုက်ပေအံ့။
page 163 to 165 is left.
page 163 to 165 is left.
မြို့ ဝန်မောင်ကျော်လှ မင်းလှရာဇာလည်း နှစ်နှစ်ခန့် ရှိလေလျှင် ရာထူမှ လျှောကျ၍သွားသည်။ မောင်ကျော်လှ ရာထူးမှ လျောကျလေလျှင် စိန်ဘူးသည် မင်းကြီးကျော်ထင် အမည်ကိုခံ၍ သက္ကရာဇ် (၁၁၅၇)ခု နတ်တော်လတွင် ရခိုင်မြို့ ဝန်ပြုလာပြန်၏။ ထိုမင်းကြီးကျော်ထင်လက်ထက် သက္ကရာဇ် (၁၁၅၉)ခု တပို့ တွဲလတွင် ရခိုင်ပြည်ကို စစ်ပြုသိမ်းယူသောအခါ ပိဋကတ်ကျမ်းစာတို့ ကို သိမ်းယူလေသည်ဖြစ်၍ ထိုပိဋကတ်ကျမ်းစာတို့ ကို အမရပူရဘိုးတော်မင်းက ရခိုင်ပြည်သို့ ပြန်ပို့ တော်မူစေပြီးလျှင် ရခိုင်မြို့ တွင် ပိဋကတ်တိုက်တို့ ကို အမရပူရ ဘိုးတော်မင်းက ရခိုင်ပြည်သို့ ပြန်ပို့ တော်မူစေပြီးလျှင် ရခိုင်မြို့ တွင် ပိဋကတ်တိုက်တည်၍ထားစေတော်မူ၏။ ထိုပိဋကတ်တိုက်မှ အသစ်ရေးကူး၍ သင်ကြားစေ၏။ ၄င်းရခိုင်မြို့ ဝန်ကြီးကျော်ထင်ကို အမရပူရရွှေနန်းရှင်ဘိုးတော်မင်းက ခေါ်တော်မူလေလျှင် မြောက်စစ်ကဲနာခံကို ရခိုင်မြို့ စောင့်ထား၍ အမရပူရမြို့ သို့ သွားလေ၍ ရောက်လေသော် မင်းကွန်းစေတီတည်ရန် လူနှစ်ထောင်ပေးရမည်ဟု ဘိုးတော်မင်းက တောင်းလေလျှင် ရခိုင်မြို့ ဝန်မင်းကြီးကျော်ထင်နှင့် ရခိုင်မြို့ သူကြီး ငသံထွေသမက် လက်ရုံးဗိုလ်သည် ရခိုင်ပြည်သို့ လာလတ်ကုန်၍ ရခိုင်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင် တို့ တွင် အုဌ်လုပ်ရန် လူနှစ်ထောင်တို့ ကိုတောင်း၍ နေကြစဉ်တွင် လက်ယာမြန်ရွာအုပ် ငတုံးစံ၊ ကောစွေ၊ ဒင်္ဂါးတောင်စား တုံးစံရွှေတို့ သည် သက္ကရာဇ် (၁၁၆၀)ပြည့် တန်ဆောင်းမုန်းလဆန်းနှစ်ရက် အင်္ဂါနေ့ တွင် တိုက်စည်တီး၍ သောင်းကြမ်းပုန်ကန်ကြလေကုန်၏။ မြန်မာမင်းမြို့ စောင့်တို့ လည်း ငတုံးစံ ကောစွေ၊ တုံးစံရွှေတို့ ကို တိုက်ခိုက်အံ့သောငှာ များစွာသော ရဲမက်လက်နက်ကိုင်တို့ နှင့် ရခိုင်မြို့ သူကြီး ငသံထွေအား စည်းတင်စား ချင်းပြန်ကို စေလိုက်၏။ ချင်းပျံလည်း ချီသွားလေသော် မယူကမ်း အောင်တပ်သို့ ရောက်လျှင် ရခိုင်သားတို့  လှည့်ပတ်သောစကားကို ယုံကြည်၍ ဗိုလ်မင်းသီရိကျော်ထင်နှင့် အခွန်စာရေး ဇေယျကျော်တို့ ကို ဖမ်းဆီးပြီးလျှင် အကျဉ်းချထား၍ နောက်၌ သတ်ပစ်ပြီးလျှင် အောင်တပ်ကနေ၍ ပုန်ကန်သောင်းကြမ်းလျှက် လက်ရုံးဗိုလ်တို့ နှင့် မယူကမ်းတွင် အောင်တပ်တည်နေလေ၏။ ငတုံးစံ၊ ကောစွေ၊ တုံစံရွှေတို့ ကား ငါရကောက်တွက် တပ်တည်၍ နေလေ၏။
ရမ်းပြည့်ဝန် လယ်ကိုင်းစားလည်း ရမ်းပြည့်မြို့ သူကြီး မောင်စံမြကို ရခိုင်မြို့ သူကြီး ချင်းပျံအဘ ငသံထွေက အတွင်းစားပေးသည်ဟု အမှုပြုလုပ်၍ သံခြေချင်းနှင့် အကျဉ်းချထားလေ၏။ ရမ်းပြည့်ဝန် လယ်ကိုင်းစား၊ မာန်အောင်ဝန် လက်ယာရွှေတောင်တို့  ပေါင်း၍ချီလာပြီးလျှင် လမ်းခရီးတွင် ရမ်းပြည့်မြို့ သူကြီးမောင်စံမြကို သတ်၍ပစ်ပြီးမှ ချီ၍သွားကြလေကုန်၏။
ဤအရာတွင် အချို့ ရာဇဝင်သစ်၌ ရမ်းပြည့်မြို့ သူကြီးအမည်ကို လေးခက်တောင်စား မောင်စံမြဟူ၍ဆိုလေ ၏။ လေးခက်တောင်စားနာမည် ငထွန်းစံဖြစ်သည်၊ မောင်စံမြမဟုတ်၊ မောင်စံမြဖြစ်လျှင် လေးခက်တောင်စားမဟုတ်။ လေးခက်တောင်စားသည် သက္ကရာဇ် (၁၁၄၉)ခုနှစ်က ရမ်းပြည့်မြို့ သူကြီးအဖြစ်နှင့်ရောက်၍ သက္ကရာဇ် (၁၁၅၂)ခုနှစ်တွင် ရာထူးမှ လျောသွားလေသည်။ ထိုနှစ်ပင် မောင်စံမြကို ရမ်းပြည့်မြို့ သူကြီးခန့် လိုက်သဖြင့် သက္ကရာဇ် (၁၁၆၀)ပြည့်တိုင်အောင် ရှိနေကြောင်းနှင့် ရာဇဝင်ပေါင်းချူပ်၌ဆိုသည်။ ဤကား အမှာစကားချပ်။
ငါရကောက်တွင် တပ်တည်၍နေသော လက်ယာမြန်အုပ် ငတုံးစံ၊ ကောစွေ၊ ဒင်္ဂါးတောင်စား တုံးစံရွှေတို့ နှင့် တွေ့ ၍ သက္ကရာဇ် (၁၁၆၀)ပြည့် နတ်တော်လတွင် တိုက်ကြလေသော် လက်ယာမြန်ရွာအုပ် ငတုံးစံ၊ ဒင်္ဂါတောင်စား တုံးစံရွှေတို့ သည် ပျက်စီး၍ ပြေးကြလေကုန်၏။ သံတွဲဝန် ကျော်ထင်သီဟသည် ရဲမက်ဗိုလ်ပါနှင့်ချီလာ၍ ရခိုင်ပြည်သို့  ရောက်လာလေလျှင် ရခိုင်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင် လေးမြို့ ဝန်တို့ ချီသွားလေ၍ မယူကမ်းကျွဲရိုင်းခုံတွင် တပ်တည်၍နေသော ချင်းပျံလက်ရုံးဗိုလ် ပက်လက်စား ငစံတို့ ကို သက္ကရာဇ်(၁၁၆၀)ပြည့် ပြာသိုလတွင် တိုက်ကြလေသော် ချင်းပျံတပ်စီး တပ်ချူပ်တို့ သည် ပျက်စီးသဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြလေကုန်၏။ ချင်းပျံလည်း အနောက်စစ်တကောင်း ကုလားပြည်သို့ ပြေးဝင်၍နေလေ၏။ မြန်မာလေးမြို့ ဝန်တို့ လည်း နောက်ထပ်ပါလိုက်လေ၍ ပန်းဝါမြို့ ဂေါတောပလ္လင်တွင် တပ်တည်၍နေလာကုန်၏။ ထိုအကြောင်းကို စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်မင်းကြားလေသော် ဗိုလ်မှူး သူရဲ သူခက်များစွာတို့ ကို စေလိုက်၍ ချီလာကြပြီးလျှင် ဂေါတောပလ္လင်တွင် တပ်ပြိုင်၍ နေလာကုန်၏။ အမရပူရရွှေနန်းရှင် ဘိုးတော်မင်းက ထိုအကြောင်းကို ကြားသိတော်မူလေသော် ပင်းတလဲဗိုလ်ကို တောင်ကြောင်းခရီး ရှေ့ဝင်မှူး ငတာကို ရေကြောင်းခရီးစေတော်မူလိုက်၏။ ရေအား ကြည်းအား ချီလာပြီးလျှင် ဂေါတောပလ္လင်တွင် ရောက်လာကုန်၏။ ချင်းပျံ လက်ရုံးဗိုလ် ပက်လက်စား ငစံ၊ ကောစွေ၊ တုံးစံရွှေတို့ ကို သူပုန်သူကန်ပေးရမည်ဟု စစ်တကောင်းအင်္ဂလိပ်ဗိုလ်မှူးထံတောင်းလေ၏။ အင်္ဂလိပ်ဗိုလ်မှူးတို့ လည်း မပေးလိုသောကြောင့် ရန်စစ်ကြီးစွာဖြစ်ကြကုန်၏။
သက္ကရာဇ် (၁၁၆၀)ပြည့် တပို့ တွဲလပြည့်နေ့ တွင် မြန်မာနှင့် အင်္ဂလိပ်တို့ တိုက်ကြလေသော် အင်္ဂလိပ်ဗိုလ်မှူးနှစ်ယောက် လက်နက်ထိ၍ သေလေ၏။ ကုလားသူရဲ တရာကျော် လက်နက်မှန်၍ သေလေကုန်၏။ မြန်မာတပ်မှူးတို့ သည် မြေခံကတုတ်ထဲက ပုန်းအောင်း၍နေသောကြောင့် အသေအပျောက်မရှိကြကုန်၊ ထို့ နောက် မြန်မာ အင်္ဂလိပ်စစ်သည်နှစ်ဦးလုံးပင် တပြိုင်နက်ဆုတ်၍ သွားကြလေ၏။ ရခိုင်ပြည်တွက် ချင်ပျံသူရဲလက်နက်ကိုင်ဟု အပြစ်ပြုပြီးလျှင် လူတို့ ကို များစွာဖမ်း၍ သတ်ကြကုန်၏။ ဤကား သက္ကရာဇ် (၁၁၆၀)ကစ၍ ချင်းပျံသောင်းကြမ်းသော ပဌမအကြိမ်တည်း။
ချင်းပျံလက်ရုံးဗိုလ် ပက်လက်စား ငစံ၊ တုံးစံရွှေ၊ ကောစွေ၊ အရှေ့ဝင်းမှူး လက်ဝဲမြန်ဖေါင်သာ စသောသူတို့ သည် အရှေ့မြန်မာအစိုးရမင်းက ရာဇတမံဖြင့် ဘင်္ဂလားမြို့ သို့ သွားစေ၍ အကြိမ်ကြိမ်ငါတို့ တောင်းကုန်၏။ အိန္ဒီယတိုင်းကို အစိုးရသော အင်္ဂလိပ်လည်း ပြည်ထဲအရေးအရာ ငြိမ်းအံ့သောငှာ စက္ကူတွင်စာရေး၍ အကောက်ဝန် ငရကောက်ကို ရာဇတမံပြု၍ ရခိုင်ပြည်သို့ စေတော်မူ၍ သွားလေသော် ရခိုင်ဝန်မင်းကြိးကျော်ထင်၊ သံတွဲဝန်ကျော်ထင်သီဟ၊ ရမ်းပြည့်ဝန်လယ်ကိုင်းစား၊ မာန်အောင်ဝန် လက်ယာရွှေတောင်တို့ နှင့် တွေ့ ကြုံ၍ မျက်နှာစုံညီ ဘားဘူတောင်ထိပ်တွင် အင်္ဂလိပ်သံတမန် ငရကောက်နှင့် ရခိုင်ဝန်တို့ သက္ကရာဇ် (၁၁၆၁)ခု ကဆုန်လကစ၍ ခေါ်မြဲ ကဆုန်ကို ပုံတော်ဝင်ဟုဆို၍ နှစ်လည်အောင် လူစာရင်းမှတ်သားကြရ၏။
သက္ကရာဇ် (၁၁၆၂)ခု နံယုန်လတွင် ရခိုင်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင် လေးမြို့ ၌ နေထိုင်သောလူတို့ ကို တအိမ်လျှင် သုံးအိမ်ပြု၍ ရွာသူကြီးအမည်တပ်ပြီးလျှင် မြေတိုင်းစာရေးဟု အမရပူရဘိုးတော်မင်းထံ လှည့်ဖျား၍ သွားလေ၏။ ၄င်းနှစ် နတ်တော်လတွင် ရခိုင်လေးမြို့ မှ အသုံးစေစားရန်ဆို၍ သူငယ်တော်သုံးရာဆက်သွင်းရ၏။ ၄င်းနှစ် တပေါင်းလတွင် ဝေသာလီကို လက်ကိုင်လေသည်ဟု ရခိုင်လေးမြို့ ၌ လူတောင်းပြန်သောကြောင့် လူတစ်ထောင်ပေးဆက်ရ၏။ ၄င်းနောက် သက္ကရာဇ် (၁၁၆၄)ခု ကဆုန်လကစ၍ သူငယ် ပခက်တွင်းသားမလွတ်ရအောင် လူတယောက်လျှင် ငွေဒင်္ဂါး တသပြာစီ ဒဿမကြေး ထမ်းဆို၍ ရခိုင်လေးမြို့ ဝန်က ပေးဆက်ရ၏။ ၄င်းနောက် သက္ကရာဇ် (၁၁၆၅)ခု တန်းဆောင်မုန်းလတွင် ဆင်ဖြူတော်ကို ကန်တော့ရန်ဆို၍ ရခိုင်လေးမြို့ သူကြီးတို့ ကို ခေါ်၍ အမရပူရသို့ သွားရလေသည်။
သက္ကရာဇ် (၁၁၆၇)ခု တန်းဆောင်မုန်းလတွင် ဒဿမကြေးမမှီဟူ၍ လူဦးရေအတိုင် ငွေဒင်္ဂါးတသပြာစီပေးရ၏။
သက္ကရာဇ် (၁၁၆၈)ခု နံယုန်လတွင် အမရပူရမြို့ တွင်နေသော တပ်မှူး ဗိုလ်မှူးတို့ ကို ယိုးဒယားပြည်သို့  စစ်ချီရမည်ဖြစ်သောကြောင့် ရခိုင်လေးမြို့ တွင်နေသော လူများစွာတို့ ကို လက်နက်ကိုင်ပေးရ၏။
သက္ကရာဇ် (၁၁၇၂)ခုနှစ်ရောက်လတ်သောအခါ ကဆုန်လတွင် ရုပ်ရှင်တော်မဟာမုနိဘုရားအနီး ဦးတော်ဆေးကန်အစရှိသော ချောင်းမြောင်းမြစ်ရေတို့ သည် နီနီထွေးထွေး သွေးကဲ့သို့ ဖြစ်ကုန်၏။ ပိုး၊ ပုရွက်၊ ခြတို့ သည် ရေတွင်ကျ၍ များစွာသေကုန်၏။ သစ်ပင်စောင့်နတ်တို့ သည် များစွာ ငိုကုန်၏။ ရမ်းပြည့်ကျွန်းတွင် အလွန်မြင့်မောက်သော ကလကြမ်းတောင်သည် ထိန့် ထိန့် ရိုက်၍ကြည်းတည်း၏။ ရမ်းပြည့်ကျွန်း ပေါက်ရွာ၌ တည်ထားသော လက်ယာဘုရားရုပ်ထုတော်လည်း အနောက်ဖက်သို့ မျက်နှာပြု၍ နေတော်မူလေ၏။ ဤသို့ များစွာသော တိတ် နိမိတ်တို့ သည် ထင်ကုန်၏။
ချင်းပြန် လက်ရုံးဗိုလ်စသော လူတစုတို့ လည်း အချင်းချင်းနှီးနှောတိုင်ပင်ကြရာ စစ်တကောင်းမြို့ ဝန် အင်္ဂလိပ်တို့ သည် သူတို့ အားဖမ်း၍ သံခြေချင်းခပ်ပြီးလျှင် အကျဉ်းထားမည်အကြာင်းကို ရိပ်မိကြလေသဖြင့် ချင်းပျံစသော လူတစုတို့ သည် စစ်တကောင်းနယ်ပယ်မှ ရှောင်ရှားထွက်လာပြီးလျှင် များစွာသော သူရဲအပေါင်းတို့ နှင့် ချီလာခဲ့၍ ငတ်မြစ်လက်ယာဖက် အစောင့်ထားသော မြန်မာတပ်မှူး မုံတောစားကို တိုက်ဖျက်ပြီးလျှင် ရခိုင်ပြည်သို့  ဝင်ပြီးလျှင် မယူ အောင်တပ်ကနေ၍ သက္ကရာဇ် (၁၁၇၃)ခု ကဆုန်လတွင် မြောက်ဦးမြို့ ကို တိုက်ဖျက်လာ၏။ မြို့ တွင်းရှိလူများသည် မြို့ ပြင်သို့  ထွက်၍ ရှောင်ရှားနေကြကုန်၏။ ချင်းပျံ လက်ရုံးဗိုလ်တို့ လည်း အကြိမ်ကြိမ် မြန်မာတို့ နှင့် တိုက်ခိုက်၍နေစဉ် သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်တွင်ရှိသော မြန်မာဟူသမျှတို့  လာ၍တိုက်ကြလေလျှင် ချင်းပျံ တပ်မှူး ဗိုလ်မှူး လက်နင်ကိုင်သားတို့ သည် ပျက်စီးသည်ချဥ်းသာဖြစ်သောကြောင့် တပ်ကိုနောက်ဆုတ်ပြီးလျှင် ဆည်ကိုင် ကန်ဆိပ်တွင် တပ်တည်၍ နေလာကုန်၏။
ချင်းပျံ လက်ရုံးဗိုလ်တို့  ပုန်ကန်သောင်းကြမ်းသော အကြောင်းကို ကြားလေ၍ မာန်အောင်ဝန် ရန်တိုင်၊ ရမ်းပြည့်သူကြီးများစွာသော သူရဲတို့ နှင့် တပ်ချီ၍လာသည်ကို ချင်းပျံ လက်ရုံးဗိုလ်တို့ ၏ တပ်မှူး ဗိုလ်မှူးတို့  သိလျှင် သက္ကရာဇ် (၁၁၇၃)ခု ကဆုန်လတွင် မိုးသီးနတ်တောင်မြစ်ပြင်ဝယ် လက်နက်ဆိုင်ပြိုင်၍ တိုက်ကြလေသော် မာန်အောင်ဝန် ရန်တိုင် အစရှိသော သူရဲလက်နက်ကိုင်ဟူသမျှတို့  တယောက်မကြွင်းသေလေကုန်၏။ မြန်မာတပ်မှူး ဗိုလ်မှူးတို့ သည် အတိုက်မခံဝံ့။ ကြောက်ရွံ့သောကြောင့် လှေကိုပစ်၍ ပြေး၊ ကုန်းသို့ တက်ပြီးလျှင် ပြေးကြလေကုန်၏။ သံတွဲဝန်ရွှေဘန်း၊ ရမ်းပြည့်ဝန် လက်ယာစည်သူနော်ရထာတို့ သည်လည်း အလွန်ကြောက်ရွံ့ထိတ်လန့် ၍ လှေတက်စီးပြီးလျှင် ပြေးလေကုန်၏။
ချင်းပျံ လက်ရုံးဗိုလ်တို့ လည်း မြန်မာလူမျိုးတို့ ကို များစွာ သတ်ပစ်ကုန်၏။ လက်နက်ကိရိယာများစွာရလိုက်၏။ ရခိုင်ဗိုလ်ချုပ်မျက်တော်ရှည်ကို နန္ဒိသေနဗန္ဓုလစစ်သူကြီးအမည်ကို ပေးလေ၏။ ချင်းပျံ၏ တပ်မှူး ဗိုလ်မှူးတို့ သည် ရမ်းပြည့် မာန်အောင်စသော အရပ်ရပ်မြို့ ရွာတို့ ကို ကျစ်နှင့်ချဉ်းစည်းအုပ်၍ ထားလေ၏။ ရခိုင်ပြည်တွင် လက်ယာမြန် အရပ်က ပက်လက်စား ငစံ တပ်မှူးမောင်ရွှေတို့ ကို တပ်နှင့်စောင့်နေစေ၏။ ငါရကောက်အရပ်က နောင်တော်လေးမြို့ စား ကျော်အောင်ကို တပ်စောင့်ပြု၍နေစေ၏။ ရွှေနတ်ပင်လမ်းကြောင်းက အောင်ကျော်ရွှေကို စောင့်စေ၏။ လောင်းကြက်မြို့ ဟောင်းက ဗိုလ်စော်ကဲ၊ တပ်မှူးသောကြာတို့ ကို စောင့်နေစေ၏။ ရမ်းမြစ်ဝက ဗိုလ်နန်းရွှေနှင့် တပ်မှူး သရကန္တတို့ ကို တိုက်အံ့သောငှာ ဗိုလ်တိုးအောင်ကျော်ကို အစောင့်ထားလေ၏။ ခုနစ်ခရိုင် တောင်စဉ်တွင် မြန်မာတို့ လာလမ်းဖြစ်သော မအီအရပ်က တောင်စားဗိုလ်မှူးမောင်ညို တပ်မှူး ညိုရောင်ဖြူတို့ ကို အစောင့်ထားလေ၏။
ယင်းသို့  အသီးသီးထား၍ စောင့်စေပြီးမှ ချင်းပျံသည် ဂစ္ဆပနဒီမြစ်၏ အနောက်ဖက်ဖြစ်သော ရိုးငူအရပ်၌ ဇေယျဝတီမြို့ အမည်မှည့်လျှက် သိုက်တတ်မြို့ တည်၍နေလေ၏။ ကြွင်းသော ဗိုလ်ရံ တပ်ရံတို့ ကား ခုနစ်ခရိုင်တောင်စဉ်တို့ ၌ အသီးသီး တပ်နှင့် စောင့်နေစေ၏။ ထိုသို့  ရခိုင်ပြည်မှ ချင်းပျံလက်ရုံးဗိုလ်တို့ တပ်စီးတပ်နှင်ပြု၍ ရခိုင်လေးမြို့ ၌ဝန်းရံနေကြောင်းကို အမရပူရဘိုးတော်မင်းကြားသိတော်မူလေလျှင် မင်းလှစည်သူကို ခေါ်တော်မူ၍ ရခိုင်လေးမြို့ ၌ ဝန်းရံနေသော ချင်းပျံလက်ရုံးဗိုလ်တို့ ကို တိုက်ဖျက်စေဟု စေတော်မူလိုက်၏။ မင်းလှစည်သူလည်း ချီလာပြီးလျှင်သရေခေတ္တရာပြည်တွင် တပ်တည်နေပြီးမှ ရေကြောင်း ကုန်းကြောင်း စေခိုင်းရမည့်အရေးလည်း လေ မိုဃ်းများ၍ လမ်းခရီါ်မသာသောကြောင့် သူရဲလက်ကိုင်တို့ ကို အသီးသီးခန့် ထားပြီးလျှင် ထိုနှစ်အတွင်းမှာ ဗိုလ်မျက်တောင်ရှည် လမ္ဗုစားရွှေလူတို့ သည် ရမ်းပြည့်မြို့ မှ မြန်မာတပ်မှူးတို့ နှင့် တိုက်ကြလေသော် ဗိုလ်မျက်တောင်ရှည် လမ္ဗုစားရွှေလူတို့  စစ်ရေးမသာသောကြောင့် ရမ်းပြည့်မြို့ မှ ဆုတ်ခွာ၍ လက်ဖံအညာတွင် တပ်တည်၍နေလာ၏။ လက်ဖန်အညာတပ်ကိုလည်း ဒါးဝယ်ဗိုလ် ငစံသည် သူရဲလက်ကိုင်တို့ နှင့် တိုက်ပြန်လေလျှင် လက်ဖန်အညာတပ်ပျက်လေ၏။ ဗိုလ်မျက်တောင်ရှည်နှင့် လမ္ဗုစား ရွှေလူတို့ လည်း သက္ကရာဇ်(၁၁၇၃)ခု ဝါခေါင်လဆန်းနှစ်ရက် စနေနေ့ တွင် စနည်းချောင်းဝ၌ လှေတပ်တည်၍နေလေ၏။ သံတွဲမြို့ ကို ဝန်းရံနေသော မြို့ သစ်စား မောင်ငယ်၊ ဗိုလ်ဘချစ်ရည်တို့ လည်း စစ်ရေးမသာသောကြောင့် ထိုသက္ကရာဇ်ဝါခေါင်လတွင် လမ္ဗုချောင်းဝ၌ တပ်တည်၍နေလေ၏။ မာန်အောင်မြို့ ကို ဝိုင်းရံ၍နေသော လက်ရုံးဗိုလ် တိမ်ကြားဗိုလ်တို့ လည်း စစ်ရေးမသာသောကြောင့် မာန်အောင်မြို့  အုန်းချေင်းဝတွင် တပ်တည်၍နေလာ၏။
ယင်းသို့  ရမ်းပြည့် သံတွဲ မာန်အောင် မြို့ တို့ ၌ ချင်းပျံတပ် ပျက်စီးသည်ချဉ်းဖြစ်ကြောင်းကို ကြားလေလျှင် မြို့ ဝန်မင်းလှစည်သူသည် အသစ်ခန့် သော မာန်အောင်မြို့ ဝန်ကို အရှေ့ခုနစ်ခရိုင်ကို တိုက်လေဟု စေလိုက်၏။ မာန်အောင်မြို့ ဝန်လည်း သူရဲတထောင်နှင့် ချီလာပြီးလျှင် သက္ကရာဇ် (၁၁၇၃)ခု ဝါခေါင်လပြည့်နေ့ ၌ မဤချောင်းဝတွင် တပ်တည်၍နေလာ၏။ ယင်းသို့  တပ်တည်၍နေလာသော မာန်အောင်ဝန်သစ်ကို လမ္ဗုစားရွှေလူ သွားရောက်တိုက်ဖျက်လေသော် မာန်အောင်ဝန်သစ်တပ်သည် အကြွင်းမဲ့ ပျက်စီးလေ၏။ ဆင်ဖြူကျွန်းဗိုလ်လည်း လူတထောင်နှင့် ရောက်လာ၍ ၄င်းသက္ကရာဇ် တော်သလင်းလတွင် ဒါးလက်ချေင်းဝ၌ တပ်တည်၍ နေလာ၏။ ယင်းသို့  လာရောက်တပ်တည်၍နေလာသော ဆင်ဖြူကျွန်းဗိုလ်ကိုလည်း တိမ်ကြားဗိုလ် သွားရောက်တိုက်ခိုက်သောကြောင့် စစ်သည်သူရဲတို့  သေကြေပျက်စီး၍ သွားလေ၏။ ယင်းသို့  ချင်းပျံတပ်စီး၊ တပ်မှူးတို့ သည် ဆီးဆို့ တိုက်ခိုက်ဖျက်ဆီးလေသောကြောင့် မြန်မာတပ်မှူး ဗိုလ်မှူးတို့ သည် ရခိုင်ပြည်သို့  အကူးအသန်း လမ်းစ လမ်းဝ မရ မပေါက်လေသောကြောင့် ရခိုင်ပြည်တွင်နေသော ဗိုလ်မှူးတပ်မှူးတို့ သည် မြုံးတွင်လှောင်ထားသော ငါး ခြံတွင်လှောင်ထားသော ကြက်ကဲ့သို့ ဖြစ်နေလေကုန်၏။ ၄င်းနှစ်တွင် ရခိုင်မြို့ ဝန်မင်းကြီးကျော်ထင်လည်း မြို့ သူကြီး ငရန်ကင်းကို ဗိုလ်ချူပ်ခန့် ပြီးလျှင် သူရဲလက်ကိုင်တို့ ကို စည်းကြပ်၍ ကြည်းအား ရေအား ချီလာပြီးလျှင် တန်ဆောင်မုန်းလဆန်းတဆယ့်တရက် စနေနေ့ တွင် လက်ကြက်မြို့  ဗိုလ်စော်ကဲ တပ်မှူးသောက်ကြာတို့ ကို တိုက်လေစေလျှင် ဗိုလ်စော်ကဲတပ် ပျက်စီး၍ ပြေးလေ၏။ တပ်မှူးသောက်ကြာကား လက်နက်မှန်၍ သေလေ၏။
၎င်းတန်ဆောင်မုန်းလဆုန် ငါးရက် တနင်္လာနေ့ တွင် လက်ယာမြန်အရပ်၌ ပလက်စား ငစံ၊ တပမှူးမောင်ရွှေတို့ ကို တိုက်စေပြန်လျှင် ဗိုလ်ပလက်စား ငစံ၊ တပ်မှူးမောင်ရွှေတို့ သည် မခံမရပ်နိုင်၍ လှေတက် လက်နက်ကရိယာတို့  ပစ်၍ ကြည်းကြောင်းပြေးသွားကြလေ၏။ ငရကောက်တပ်စောင့် အောင်ကျော်၊ ရွှေနတ်ပင်တပ်စောင့် အောင်ကျော်ရွှေလည်း ဆုတ်သွားရပြိးလျှင် ချင်းပျံနေသော ဇေယျဝတီမြို့ သို့  ပြေးဝင်စေလာ၏။
No comments:
Post a Comment