Monday, June 20, 2011

သတိုးအောင် နတ်သာခြင်း

သတိုးအောင်လေ

နတ်မောင်ယောင်္ကျား

ကေသလာလေ

ကြပ်စင်ကျွန်းမှာ

မွီးလို့ ဖွားရေ။

သကြားမြီးဖြူ

စိတ်လည်းတူ

မယူမြီးချစ်

ရွှီကျောင်းတော်မှာ

အလိုလိုက်ကေ

ပန်းမုနိ မြအောင်

ဘောင်မချစ်ကေ

သတိုးအောင်လေ

နတ်မောင်ယောက်ျား

ရွက်အုပ်မြညို

ဖါးပြိုကျွန်းမှာ

မွီးစပ်ထားရေ။

ကြီးသျှင်တောင်

ရာမောင်နတ်ကား

ရင်နီု့ မတိုက်

လွမ်းလို့ ကြင်ကေ

ဘောင်သျှင်မမှာ

လက်နို့ တိုက်တေ။

လက်သန်းလက်ကြွယ်

လက်စမ္ပယ်

လက်လယ်မကြွင်း

မြီးလှမောင်လေ

ဒိုးအောင်စို့ ကေ

လက်နို့ ထွက်တေ။

ရွက်ရိပ်ခို

ဖားပြိုကျွန်းမှာ

မွီးစပ်တေ။

တဝင်းဝင်းကေ

ပလို့ လာကေ

စန္ဒာလမင်း

ထက်ကောင်းခင်မှာ

ရာဟုကင်း

အလင်းလည်းရောက်

မြီးလှမောင်လေ

ဒိုးအောင်နတ်ကို

ကျောင်းကိုရောက်ဖို့ 

မြကြိုးသွယ်

စိန်ပုခက်မှာ

အိပ်ပါမြီးချေ

ကြီးသျှင်တောင်

ရာမောင်မမှာ

မြီးချောရေ။

ထိုင်တတ်ကေရာ တွားတတ်

တန်းကိုင်တတ်

ရပ်တတ်ဖြစ်ယာ

မြီးလှမောင်လေ

ဒိုးအောင်ကိုကား

ရွှီစမ္ပယ်

မိယေမှာကား

တောတန်းဆိုကေ

ထိုသည်ကျွန်းမျာ

ဝါးတန်းလည်းတင်

တောတန်းခွင်

ရင်သည်ရပ်မှာ

အလားသင်ရေ။

ထိုင်တတ် တွားတတ်

တန်းကိုင်တတ်ကေ

ရပ်တပ်ဖြစ်ယာ

ဘောင်မမောင်လေ

ဒိုးအောင်မှာကား

လားတတ်ပျာ။

ဒိုးအောင်ဂျင်ပေါက်

အရွယ်ရောက်

ကြီးမြောက်လီခါ

သုံးလှိုင်ဆို

ဝါဆိုကျောင်းမှာ

ကျောင်းထားရေ။

သင်လို သင်ပါ

သုံးလှိုင်ဆိုကေ

ဝါဆိုကျောင်းမှာ

နမောဗုဒ္ဓာယ

အယင်ပြ

သုံးဆယ့်သုံးလုံး

သုံးသင်ပုန်း

တလုံးမကျန်

ဇေတဝန်လေ

မြတ်မွန်ကျောင်းမှာ

စာအံရေ။

ဒိုးထိုးသံနန့် 

ဂျင်ပေါက်သံလေ

ညံသံမစဲ

သုံးလှိုင်ဆိုကေ

ဝါဆိုကျောင်းမှာ

မဒီးမောင်လေ

ဒိုးအောင်ထွက်ကေ

တသဲသဲ။

ကျိန်းတောင် ခြီရင်း

မောင်ရို့ ထွက်ခါ

အံတလင်း။

ကျိန်းတောင်ခြီရင်း

မောင်ရို့ ထွက်ခါ

ကြက်တလင်း။

ကြက်ဖက်ပါးနီ

စွန်သဲခြီ

ခွပ်လီကြက်ဖ

ရွှီပြောင်ပြောင်ကေ

ကျိန်းတောင်အောက်မှာ

တန်းထက်က။

တန်းအောက်မတွန်

တန်းထက်တွန်

ဒိုးအောင်ကြက်ဖ

ရွှီပြောင်ပြောင်လေ

ကျိန်းတရိုးမှာ

တည်တိုင်းရ။

မြင်းမအီ ခွါတောင်

ဒေါင်းခံထဲမှာ

လာပါမောင်

လှအောင်စာလေ

တကောင်ခွါဖြူ

မဒီးမောင်လေ

ဒိုးအောင်မောင်လေ

လှအောင်ဆင်ယေ

ယယိုင်ပပါး

ဘောင်မမောင်လေ

မြင်းနန့် လားဖို့ 

ဖိုးခေါင် ဖိုးခေါင်

ဖိုးခေါင်ကြိမ်လုံး

အဖျားချေမှာ

ရွှီခြည်ထုံးကေ

ကြိမ်လုံးကိုထောက်

ဘောင်မမောင်လေ

ဒိုးအောင်နတ်မှာ

မြင်းကိုငေါက်တေ။

ကြိမ်လုံးကိုကိုင်

မြင်းမှာထိုင်

ယယိုင်ပပါး

ချစ်တေမောင်လေ

ဝတီနန်းမှာ

ပန်းကပ်လားဖို့ 

သိုင်းကိုမကျော်

မြီကိုမနင်း

ပန်းဆက်ညာကို

မြီနန် နင်းကေ

နတ်မင်းကျော်ခေါင်

ဘောင်မချစ်လို

သတိုးအောင်လေ

နတ်မောင်မှာကား

ကျိန်းတောင်ကျော်လမ်း

ကြပ်ရိုးပင်မှာ

သဇင်ပန်းကို

လက်လှမ်းဆွတ်ကာ

ကြီးဆင်းတောင်လေ

ရာမောင်နတ်နန်း

လှကျွန်းသူလေ

မိဖြူဥိးကို

ရွှီစမ္ပယ်လေ

ဘောင်သျှင်မကို

ပန်းဆက်တေ။

ဟေး၏ ရခိုင်တရုတ် မီးရထားလမ်း ဖေါက်လုပ်ရေး ကြိုးပမ်းမှု

ဘင်္ဂလားပင်လယ်အော် အရှေ့ဘက်နှင့် ရိုးမတောင်အကြားရှိ ဒေသမှာ ရခိုင်ကမ်းမြောင်ဒေသ ဖြစ်သည်။ ယင်းဒေသသည် မြောက်ဘက်တွင် ကျယ်ပြန့် ပြိး တောင်ဘက်သို့  ကျဉ်းမြောင်းသွားသည်။ မြောက်မှတောင်သို့  သွယ်တန်းနေသည့်  ကမ်းမြောင်ဒေသဖြစ်သည်။ မိုးများပြိး သစ်တောထူထပ်သည်။ မြစ်ချောင်းပွားများပြိး ရေစီးသန်သည်။ ကန်းရိုးတန်းတစ်လျှောက် ကျောက်ဆောင်များသည်။ တောင်ကုန်းတောင်တန်းများသည် ခရီးသွားလာရေးကို ခက်ခဲစေသည်။

ယင်းတို့ မှာ ရခိုင်ကမ်းမြောင်ဒေသ၏ သဘာဝ အခက်အခဲများဖြစ်သည်။ ရခိုင်ဒေသ လမ်းပန်းဆက်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးမှာ သဘာဝအခက်အခဲများကြောင့် မဖြစ်ထွန်းနိုင်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့ကြသည်။ ယင်းတို့ မှာ အုပ်ချုပ်သူ လူတန်းစားများ၏ လက်သုံးစကားဖြစ်ခဲ့သည်။ နှောင်းလူများကလည်း သံယောင်လိုက်၍ စကားဆိုကြသည်။

သို့ ရာတွင် Old Arakan အမည်ခံ သတင်းစာဆရာဟေးသည် စစ်တွေမှ မန္တလေးကိုဖြတ်ပြိး တရုတ်ပြည်အထိ မီးရထားလမ်း ဖောက်လုပ်ရေးကိစ္စကို သတင်းစာမှလည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြ၍လည်းကောင်း အထူးအလေးပေးပြီး ကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်သည်။

ဟေးအသူလဲ

ဟေးအမည်၏ အပြည့်အစုံမှာ John Ogilvy Hay, F.R.G.S ဖြစ်သည်။ ဟေးသည် ၁၈၇၀-ခု မတိုင်မီ သို့ မဟုတ် ယင်းပတ်ဝန်းကျင်လောက်တွင် ရခိုင်သို့  ရောက်ရှိလာသူဖြစ်သည်။ စစ်တွေမြို့ တွင် (၇) နှစ်ကျော် (၈)နှစ်နီးပါးခန့် နေထိုင်ခဲ့သူဖြစ်သည်။ စစ်တွေမြို့ တွင်နေစဉ် ၁၈၅၃-ခုနှစ်ထုတ် Akyab Commercial News သတင်းစာတိုက်ကို ဝယ်ယူပြီး Arakan News သတင်းစာအဖြစ် အမည်ပြောင်းပြီး ဥိးစီးထုတ်ဝေခဲ့သူ ဖြစ်သည်။ ယင်းသတင်းစာတွင် “ရခိုင်ဝါကြီး” Old Arakan အမည်ဖြင့် ဆောင်းပါးများကို ရေးသားသည်။ ယင်း Old Arakan အမည်ဖြင့် အင်္ဂလန်သို့ ရောက်ရှိပြီးနောက်မှာလည်း သတင်းစာများတွင် ရေးသားသည်ကို တွေ့ ရသည်။

စစ်တွေမြို့ တွင် နေထိုင်စဉ် ဂုဏ်ထူးဆောင် တရားမ တရားသူကြီး Honorary Magistrate of the Town Of Akyab အဖြစ် ထမ်းဆောင်ခဲ့သည်။

ဟေးသည် ရခိုင်တွင် (၇) နှစ် (၈) နှစ်ခန့် နေထိုင်စဉ်အတွင်း ရခိုင်ဒေသတွင် လမ်းပန်းဆက်သွယ်ရေး အထူးညံ့ဖျင်းနေသည်ကို မျက်မြင်ကိုယ်တွေ့  တွေ့ ခဲ့ရသူဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး အတွက် သတင်းစာသမားတစ်ဦးပီပီ မိမိပိုင်သည့် Arakan News သတင်းစာမှ ဆောင်းပါးများကို အလေးပေးရေးသားခဲ့သူဖြစ်သည်။ အထူးသဖြင့် စစ်တွေမြို့ သည် ဆိပ်ကမ်းကောင်းတစ်ခုဖြစ်ကြောင်း ရခိုင်မှမန္တလေးကိုဖြတ်ပြီး တရုတ်ပြည်အထိ မီးရထားလမ်း( Indo Burma China Railway Connection ) ဖောက်လုပ်ရေး ဆောင်းပါးများကို ရေးသားသည်။

ဟေးသည် ၁၈၈၈-ခုလောက်တွင် အင်္ဂလန်ပြည်သို့  ပြန်လည်ရောက်ရှိသည်။ အင်္ဂလန်မှာလည်း စစ်တွေမှ မန္တလေးကိုဖြတ်ပြီး တရုတ်ပြည်သို့  မီးရထားလမ်းဖောက်လုပ်ရေးကိစ္စအတွက် သက်ဆိုင်ရာအာဏာပိုင်များထံသို့  စာအားဖြင့်လည်းကောင်း၊ သတင်းစာမှ လည်းကောင်း၊ လူကိုယ်တိုင် ချဉ်းကပ်၍လည်းကောင်း ကြိုးပမ်းခဲ့သူဖြစ်သည်။

ဟေးသည် ရခိုင်မှ တရုတ်ပြည်အထိ မီးရထားလမ်းဖောက်လုပ်ရေး အတွက် ကြိုးပမ်းရာတွင် ရခိုင်တိုင်းမင်းကြိးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကို အင်္ဂလိပ်များ တတိယအကြိမ် သိမ်းပိုက်ရာတွင် နိုင်ငံရေးအရာရှိချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ စလေဒင် (Sir E.B, Sladon Knight Codonel)နှင့် အင်ဂျင်နီယာချုပ်နှင့် မြန်မာနိုင်ငံ၏ မဟာဝန်ရှင်တော်မင်းကြီး၏ ပြည်သူ့ လုပ်ငန်းဌာန အတွင်းဝန်အဖြစ်ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဖရေဇာ (General Alexander Fraser) စသည့် ပုဂ္ဂိုလ်များ၏ အားတက်သရော ကူညီမှုကို ရခဲ့သူဖြစ်သည်။ ယင်းပုဂ္ဂိုလ်တို့ မှာ ဟေးနှင့်ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးသူများဖြစ်ကြသည်။

ဟေး၏ဆောင်းပါးများနှင့် သူ၏ဆောင်ရွက်ချက်များကို လေ့လာပါက “ယူနီယံဂျက် အလံအောက်တွင် ရခိုင်ပြည်ကို တိုးတက်စေလိုသူတစ်ဥိး” ဖြစ်ကြောင်း တွေ့ ရသည်။ သူ၏ စွမ်းဆောင်ချက်များသည် အုပ်စိုးသူဗြိတိသျှလူမျိုးတစ်ဦး၏အမြင်ဖြင့် တင်ပြချက်များဖြစ်သည်။ အုပ်စိုးသူဗြိတိသျှလူမျိုးတစ်ဦးအဖြစ်ဖြင့် ကြိုးပမ်းချက်များဖြစ်သည်။

သို့ ရာတွင် သူ၏တင်ပြချက်၊ ကြိုးပမ်းချက်များသည် ရခိုင်သမိုင်းတွင် မှတ်တမ်းတင်ထားရမည့် ကိစ္စတစ်ရပ် ဖြစ်ပေသည်။

ရခိုင် အတိတ်-ပစ္စုပ္ပန်-အနာဂတ်

ဟေးသည် ရခိုင်တရုတ် မီးရထားလမ်းဖောက်လုပ်ရေးအတွက် အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ရေကြောင်း လမ်းအခြေအနေ၊ စစ်တကောင်းနှင့် ရခိုင်ဒေသရှိ လူဦးရေ အခြေအနေများကို စေ့စုံစွာလေ့လာသည်။ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၊ စစ်ရေးအာဏာပိုင်များ ငွေကြေးအတွက် ကုမ္ပဏီပိုင်ရှင်များ၊ ရေကြောင်းကျွမ်းကျင်သူများကိုလည်း တရုတ်မီးရထားလမ်းဖောက်လုပ်ရေးအတွက် စာအားဖြင့်လည်းကောင်း၊ လူကိုယ်တိုင် သွားရောက်၍လည်းကောင်း လူတွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဟေးသည် သူ့ ကိုယ်ပိုင် Arakan News သတင်းစာမှ ၁၈၇၆-ခု၊ နိုဝင်ဘာ(၄)ရက်မှ ၁၈၇၇-ခု၊ နိုဝင်ဘာ(၂၄)ရက်အတွင်း ရခိုင်တရုတ်မီးရထားလမ်းဖောက်လုပ်ရေးအတွက် ဆောင်းပါး (၁၂) စောင်ကို ရေးသားဖော်ပြခဲ့သည်။

ယင်းအပြင် အခြားသတင်းစာများဖြစ်သော Times, Indian Stateman, The Pioneer Mail, The Spector, Saturday Review သတင်းစာများ၏ သတင်းများကို ကိုးကား၍လည်းကောင်း၊ အယ်ဒီတာထံ ပေးစာများဖြင့်လည်းကောင်း ရေးသားခဲ့သည်။

ဗြိတိသျှဝန်ကြိးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ အိန္ဒီယနိုင်ငံ၏ အတွင်းဝန်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ The Marquis of Salisbury K.G ထံသို့ လည်းကောင်း၊ အိန္ဒိယနိုင်ငံ အတွင်းဝန် Viscount Cross G.C.B ထံသို့ လည်းကောင်း၊ အိန္ဒိယနိုင်ငံဘုရင်ခံချုပ် The Marquis of Lansdowne G.C.S.L ထံသို့ လည်းကောင်း စာအတန်တန်ဆက်သွယ်၍ ရခိုင်တရုတ် မီးရထားလမ်း ဖောက်လုပ်ရေး အခြေအနေများကို တင်ပြအစီရင်ခံခဲ့သည်။ လူကိုယ်တိုင်လည်း တွေ့ ဆုံတင်ပြနိုင်ရေးအတွက် လန်ဒန်မြို့ တွင် ၁၈၈၇-ခု၊ စက်တင်ဘာလ (၁၇) ရက်နေ့ က စာရေးသားပြီး တွေ့ ဆုံခွင့်တောင်းခံခဲ့သည်။ ယင်းပုဂ္ဂိုလ်များထံမှ စာရရှိကြောင်း ပြန်ကြားစာရရှိသော်လည်း တွေ့ ဆုံခွင့်မရရှိပါ။

ယင်းအပြင် အင်္ဂလန်နိုင်ငံ မြို့ ကြီးများဖြစ်သော လီဘာပူး၊ ဟူးလ်၊ မန်ချက်စတာ မြို့ များရှိ ကုန်သည်ကြီးများ အသင်းတို့ ထံသို့ လည်း ရခိုင်တရုတ် မီးရထားလမ်းဖောက်လုပ်ရေးကိစ္စ စာရေးသားဆက်သွယ်၍ သဘောထားများကို မေးမြန်းခဲ့သည်။

ယင်းအပြင် ဟေးသည် အင်္ဂလန်ရှိ ရေတပ်ဦးစီးချုပ်နှင့် ပါလီမန်အမတ်ဖြစ်သူ Lord George Hamilton M.P.Ist. Lord of Admiralty ထံ အဆိုပါကိစ္စနှင့် လူကိုယ်တိုင် တွေ့ ဆုံခွင့်ကို ၁၈၉၀-ခု၊ ဇန်နဝါရီလ (၂၅)ရက်နေ့ က တောင်းခံခဲ့သည်။ သို့ ရာတွင် ယင်းပုဂ္ဂိုလ်ကိုယ်တိုင် မတွေ့ ဆုံနိုင်ခဲ့သော်လည်း သူ့ ကိုယ်စား ဗိုလ်ကြိး ဘရေး(ဒ်) Captain Bridge R,N. The Director of Nawal Intellligeace ဆိုသူနှင့် တွေ့ ဆုံခွင့် ရရှိခဲ့သည်။ ယင်းအပြင် ဟေးသည် သူ၏ သဘောထားများကို စာအားဖြင့် ၁၈၉၀-ခု၊ ဖေဖော်ဝါရီ (၄)ရက်နေ့ တွင် အဆိုပါ ဗိုလ်ကြိးထံသို့ ရေးသားပေးပို့ ခဲ့သည်။

ယင်းအပြင် ၁၈၇၆-ခု၊ မေလ (၁)ရက်မှ ၁၈၇၄-ခု၊ သြဂုတ်လ(၄)ရက်နေ့ အထိ ဘင်္ဂလားပင်လယ်အော်အတွင်း အထူးသဖြင့် စစ်တကောင်းနှင့် စစ်တွေမြို့ များတွင် ပင်လယ်ကူးသင်္ဘော မာလိန်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ( Captain James Ewert, for Mary years commander of a British India Company, Steomer in the Bay of Bengal ) ထံမှ စစ်တွေသင်္ဘောဆိပ်သည် စစ်တကောင်းထက် ကောင်းမွန်သေ သင်္ဘောဆိပ်ကောင်းတစ်ခုဖြစ်ကြောင်း သဘောထားမှတ်ချက်ကို ရယူခဲ့သည်။

အင်္ဂလန်ပါလီမန်အမတ်များထံသို့ လည်း ၁၈၉၁-ခု၊ သြဂုတ်လအတွင်းက ဟေးသည် ရခိုင်-တရုတ် မီးရထားလမ်းဖောက်လုပ်ရေးကိစ္စအတွက်ပါလီမန်တွင် တင်ပြဆွေးနွေးနိုင်ရန် စာများကို ဖြန့် ဝေခဲ့သည်။

ယင်းအပြင် ထင်ရှားသည့် လော့ဒ်ဒါဖရင့် (Lord Dufferin) စလေဒင်၊ ဖရေဇာ စသည်တို့ အပြင် စီးပွားရေးဘက်မှ ပုဂ္ဂိုလ်များ၊ အတတ်ပညာရှင်များထံမှ သဘောထားများကို ရယူနိုင်ခဲ့သည်။

ဟေးသည် ရခိုင်-တရုတ် မီးရထားလမ်း ဖောက်လုပ်ရေးအတွက် ရခိုင်တွင် ရှိစဉ်ကလည်းကောင်း၊ အင်္ဂလန်သို့  ပြန်ရောက်စဉ်ကလည်းကောင်း သူ၏ဆောင်ရွက်ချက်များကို စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ဝေရန် စီစဉ်ခဲ့သည်။

၁၈၉၂-ခု၊ မတ်လ(၉)ရက်နေ့ စွဲဖြင့် လန်ဒန်ရှိ အိန္ဒိယနိုင်ငံ အတွင်းဝန်ရုံးသို့  ရခိုင်-တရုတ် မီးရထားလမ်း ဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို စာအုပ်ထုတ်ဝေလိုကြောင်း ခွင့်ပြုချက်ကို ဟေးကတောင်းခံသည်။ ၁၈၉၂-ခု၊ မတ်လ(၂၃)ရက်နေ့ စွဲဖြင့် ယင်းရုံးမှ သဘောတူညီချက်ကို ရရှိခဲ့သည်။ ယင်းကြောင့် ၁၈၉၂-ခု၊ မေလတွင် William Blackwood and sons, Edinburgh and London) ပုံနှိပ်တိုက်မှ ရခိုင်အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်(Arakan Past present future) စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ယင်းစာအုပ်တွင် ရခိုင်ဒေသသို့  ဟေးမရောက်မီက အခြေအနေ၊ ရောက်ရှိပြီးအခြေအနေနှင့် အနာဂါတ်ကာလ ဟေးမျှော်မှန်းခဲ့သော ရခိုင်ပြည်အခြေအနေများကို စေ့စုံစွာ တင်ပြထားသည်။

ဆိပ်ကမ်းကောင်းမြို့ စစ်တွေ

စစ်တွေမြို့ သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြိးသည့်နောက် တည်ထောင်သောမြို့ ဖြစ်သည်။ ၁၈၇၀-ခု၊ ဇူလိုင်လ (၇)ရက်နေ့ ထုတ် Arakan News တွင် Old Arakan အမည်ခံ ဟေးက ရခိုင်တိုင်းမင်းကြိးဟောင်း Sir Archibald Bogle ၏မလျော့သော ဇွဲလုံလကြောင့် ရခိုင်ဒေသ၏ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းမှာ တိုးတက်လာကြောင်းဖြင့် ယင်းပုဂ္ဂိုလ်အား ချိးကျူးရေးသားထားသည်။ ဆန်စပါးလုပ်ငန်း နှစ်စဉ်တစ်ဟုန်ထိုး တိုးတက်လာသဖြင့် စစ်တွေမြို့ သည် ဆန်စပါးလုပ်ငန်း၏ အချက်အချာကျသော မြို့ တစ်မြို့ ဖြစ်လာသည်။ အနှစ် နှစ်ဆယ်တိုင် အသုံးပြုသွားလာရသဖြင့် စစ်တွေမြို့ သည် လီဘာပူးသင်္ဘောပိုင်ရှင်များ၏ သိရှိမှုများလာသည်ဟု ဟေးက လီဘာပူး ကုန်သည်များအသင်းသို့  ၁၈၇၄-ခု၊ ဇူလိုင်လ (၂၇)ရက် ရက်စွဲဖြင့် ပေးပို့ သည့် စာတွင်ဖော်ပြထားသည်။

ရှေးက သင်္ဘောမာလိန်မှူးများ၊ ရေကြောင်းအာမခံလုပ်ငန်းရှင်များသည် စစ်တွေသို့  သွားလမ်းတွင်ရှိသော အွိုင့်စတာ Oyster Reef ကျောက်တန်းမှာ တွေးကြောက်စရာ ဖြစ်ခဲ့သည်။ ဆာအာသာဖယ်ယာ၏ စီစဉ်ညွှန်ကြားမှုကြောင့် အွိုင်စတာကျောက်ဆောင်ပေါ်တွင် အလှမ်းဝေးသည့် နေရာများမှပင် မီးရောင်ကိုမြင်နိုင်သော မီးပြတိုက်ကို နှစ်အတန်ကြာကပင် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ယင်းမီးပြတိုက်ကြောင့် စစ်တွေသို့ သွားလာနေကျ သင်္ဘောများသာမက ကာလကတ္တားမြို့ နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း သွားလာနေသည့် သင်္ဘောများအတွက်လည်း မခန့် မှန်းနိုင်သော အကျိုးအမြတ်များကို ဖြစ်ထွန်းစေနိုင်ကြောင်းဖြင့် ယင်းစာတွင် ဆက်လက်ဖေါ်ပြထားသည်။

စစ်တွေမြို့ သည် ရခိုင်မြစ်ဝမှ ငါးမိုင်အကွာတွက်တည်ရှိသည်။ ရန်ကုန်မြို့ သည် မုတ္တမပင်လယ်ကွေ့ ထိပ်တွင်တည်ရှိသည့် ရှည်ညောင်းသော ခရီးသွားလာမှုဖြစ်သည်။ မိုင် (၃၀) ခန့် မြစ်ကြောင်းအတိုင်းဆန်တက်ရသည်။ သင်္ဘောများသွားလာရာမှာ ဘေးအန္တရာယ်များသော အကျိုးဆက်များသည် ရန်ကုန်သို့ သွားရာမှာ ဖြစ်ထွန်းနိုင်ကြောင်းကိုလည်း အဆိုပါစာတွင်ဖော်ပြထားသည်။

စစ်တွေမှ မန္တလေးမှာ မိုင်(၁၀၀)ပင်မဝေး။ တရုတ်ပြည်နှင့် မြန်မာပြည်တို့ မှ ထွက်သောထွက်ကုန်များ၏ ထွက်ပေါက်ဖြစ်သည်။ အင်္ဂလိပ်ပစ္စည်းထုတ်လုပ်သူများ၏ ပင်လယ်ရေလက်ကြားမှာ စစ်တွေဖြစ်သည်။ အစ,ပထမဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ်များမည်။ သို့ ရာတွင် တိုတောင်းသောခရီးနှင့် ကူးသန်းရောင်းဝယ်မှုများ ဖြစ်ထွန်းလာမှုကြောင့် ယင်းကုန်ကျစရိတ်များမှာ မကြာမီထေမိမည်ဖြစ်သည်ဟု ဟေးက စစ်တွေဆိပ်ကမ်းမှ မန္တလေး တရုတ်ပြည်အထိ မီးရထားလမ်းဖောက်လုပ်ခြင်း အကျိုးအမြတ်ကို ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်ရှိ စစ်တွေမြို့ ကိုဖြတ်ပြီးဖောက်လုပ်သော မီးရထားလမ်းသည် မဟာဗျူဟာအရလည်းကောင်း၊ အုပ်ချုပ်ရေးအရလည်းကောင်း ကျွန်ပ်တို့ အတွက် သန်းပေါင်းများစွာ အကျိုးရှိမည်ဖြစ်သည်။ ငြိမ်းချမ်းမှုကို အထောက်အကူပြုမည်ဖြစ်သည်။ နယ်စွန်နယ်ဖျားဒေသများရှိ လူများ၏ ဝင်ရောက်စွတ်ဖက်မှုများလည်း မရှိနိုင်တော့ပါဟု ဟေး၏မိတ်ဆွေစလေဒင်က စစ်တွေကိုဖြတ်ပြီး ရခိုင်-တရုတ် မီးရထားလမ်းဖောက်လုပ်ရေး ကိစ္စကို အလေးပေးထောက်ခံထားသည်။

ယင်းအပြင် ဟေးသည် ဗြိတိသျှ-အိန္ဒိယ သင်္ဘောကုမ္ပဏီတွင် မာလိန်မှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဂျီအီးဝတ်၏ စစ်တွေဆိပ်ကမ်းသည် ဘင်္ဂလားပင်လယ်အော်ရှိ ဆိပ်ကမ်းမြို့ များအနက် ကောင်းမွန်သော ဆိပ်ကမ်းကောင်းတခုဖြစ်ကြောင်း သဘောထားမှတ်ချက်ကို ရယူပြီး သက်ဆိုင်ရာများသို့ တင်ပြခဲ့သည်။

အပယ်ခံ ရခိုင်ပြည်

ဟေးသည် ရခိုင်တွင် လကျူးနှစ်ရှည် နေခဲ့သူဖြစ်သည်။ ရခိုင်ဒေသနှင့် ဆက်ဆံခဲ့ရသည်မှာ အနှစ် နှစ်ဆယ်ခန့် ရှိသည်။ ရခိုင်ကို သံယောဇဉ်ကြီးသူမျက်နှာဖြူ လူမျိုးတစ်ဥိးဖြစ်သည်။ ယူနီယံဂျက်အလံအောက်တွင် ရခိုင်ကို တိုးတက်စေလိုသူတစ်ဥိးဖြစ်သည်။ ရခိုင်ဒေသကို အုပ်စိုးသူများ၏ ပစ်ပယ်ထားသည့်ဒေသအဖြစ် ဟေးကမြင်သည်။ အုပ်စိုးသူများ၏ ဝန်ခံချက်၊ ထင်မြင်ချက်များကို ဟေးသည် ရခိုင်-တရုတ် မီးရထားလမ်းဖောက်လုပ်ရေး ကြိုးပမ်းချက်များတွင် အလျဉ်းသင့်သလို ဖော်ပြထားသည်။ သူ၏ ရခိုင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် စာအုပ်မှာလည်း ယင်းတို့ ကို ဖော်ပြထားသည်ကို တွေ့ ရသည်။

၁၈၆၇-ခုမှ ၁၈၇၁-ခုအထိ မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ဆောင်ရွတ်ခဲ့သူ ဗိုလ်ချုပ်ကြီးဖိုက် (General Fytche)က သူအငြိမ်းစားယူပြီးနောက် ရေးသားခဲ့သည့်စာတွင် ကျွန်ပ်တို့ ခေတ်တွင် လမ်းပမ်းဆက်သွယ်ရေး ခေတ်နောက်ကျနေမှုမှာ ကျွန်ပ်တို့ အတွက်ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ရပ် ဖြစ်သည်။ တိုင်းနှစ်တိုင်းဖြစ်သော ရခိုင်နှင့်တနင်္သာရီတို့ ကို သိမ်းယူခဲ့သည်မှာ နှစ်ပေါင်း (၄၅)နှစ်ရှိပြီး ပဲခူးတိုင်းသည် (၁၈)နှစ်ရှိပြီးဖြစ်သည်။ ရခိုင်မှာ လမ်းတစ်လမ်းမျှမရှိသေးပေ။ မပြီးပြတ်သေးသော ဒက္ကား-စစ်တတောင်းလမ်းကို ခြွင်းချက်ထားရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဒက္ကားစစ်တကောင်းမှ စစ်တွေသို့ ဆက်သွယ်မည့်လမ်းမှာ စစ်တကောင်းမှ ဒက္ကားအထိ မိုင်(၆၀)ခန့်  ပြီးခဲ့သည်။ ယင်းလမ်းမှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် လော့ဒါလဟိုဇီ အမိန့် အရ ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်သည်။ သိန်းပေါင်းမြောက်မြားစွာ ကုန်ကျခဲ့သော အဆိုပါလမ်းမှာ ယခုအခါ တောကြီးမျက်မည်း ဖြစ်နေသည်။ ယင်းကိစ္စကို ဟေးက ထောက်ပြထားသည်။

“စစ်တွေခရိုင်၏ လမ်းပန်းဆက်သွယ်ရေးမှာ မပြီးမပြည့်စုံမှုနှင့် အလွန် မကျေနပ်မှရှိသော အခြေအနေဖြစ်သည်။ လမ်းပန်းဆက်သွယ်မှုချွတ်ယွင်းသော်ငြားလည်း မိုင်အနည်းငယ်မျှသာ ဝေးသော တိုက်နယ်များသို့  ခရိုင်အရာရှိများ ကြည့်ရှုစစ်ဆေးရန် မလာရောက်သည်ကို ကျွန်ပ်အနေဖြင့် နားမလည်နိုင်အောင်ဖြစ်မိသည်။ စစ်တွေမြို့ သည် ကျွန်ပ်တို့ ထံတွင် နှစ်ပေါင်း(၆၀)ရှိပြီဖြစ်သည်။ ယင်းကာလအတွင်း ကျွန်ပ်တို့ သည် အခွန်ကောက်များကို မြန်မာပြည်ရှိ အခြားဒေသများထက် ပိုမိုကောက်ခံခဲ့သည်။ သို့ ရာတွင် တစ်စုံတစ်ဥိးသည် ယင်းဒေသအနှံ့ သွားရောက်ပါက ထိုဒေသရှိ ပြည်သူလူထုတိုးတက်မှုအတွက် တစ်ပြားတစ်ချပ်မျှ သုံးစွဲထားသည့် အနေအထားကို တွေ့ ရမည်မဟုတ်ပေ”ဟု Adamson’s Settlement Report on Akyab District for 1885-86 ကို ကိုးကားဖော်ပြထားပြီး အပယ်ခံရခိုင်ပြည်အဖြစ် ဟေးက သက်သေထူခဲ့သည်။

ယင်းအပြင် ၁၈၉၁-ခု၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ထုတ် Times သတင်းစာတွင်လည်း ယင်း(စစ်တွေခရိုင်)တွင် လမ်းမှာ မိုင်(၄၀)မျှပင် မရှိသေးကြောင်း ဖော်ပြထားသည့် စာပိုဒ်ဖြင့် ဟေး၏ အပယ်ခံရခိုင်ပြည်အကြောင်းကို ထပ်မံထောက်ခံထားသည်။

“ရခိုင်ဒေသသည် ဗြိတိသျှအလံတော်အောက်တွင် နှစ်ပေါင်း(၅၀)ရှိပြီဖြစ်သည်။ သို့ ရာတွင် သာမန်လမ်းမှာ မိုင်(၅၀)မရှိသေး၊ တစ်နှစ်လျှင် အကောင်ခွန်မှ ပိုရရှိငွေမျာ သိန်း(၂၀)ကျော်ရှိသည်။ နိုင်ငံအနှံ့  မီးရထားလမ်းများဖောက်လုပ်ရမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် အစိုးရအတွက် ကြီးမားသော အကျိုးအမြတ် ရရှိမည်ဖြစ်သည်” စသည်ဖြင့် ဟေးသည် (Arakan News) သတင်းစာတွင် ၁၈၇၆-ခု၊ နိုဝင်ဘာ(၄)ရက်နေ့ က ရေးသားဖော်ပြခဲ့သည်။ ယင်းစာသားအတိုင်း ၁၈၇၄-ခုနှစ်က အိန္ဒိယအတွင်းဝန်ထံသို့  ဖော်ပြပါစာကိုပေးပြီး (၁၈)နှစ်အကြာ ၁၈၉၂-ခု၊ မေလတွင်ရေးသည့် အတိတ်ကရခိုင်ပြည်အကြောင်းအရာကို ဖော်ရာမှာ ဖော်ပြပါစာကို ထပ်မံတိုးတက်မှုမရှိသေးကြောင်းကို ဟေးက ထပ်ဆင့်၍ ဖော်ပြထားသည်။

ရခိုင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကြောင်းများကို အမှာစာသဘောဖြင့် စာအုပ်တွင်ဖော်ပြရာတွင်---

“ရခိုင်သည် ဘုရင်နိုင်ငံအဖြစ် ပြန်လည်ထူထောင်နိုင်တော့မည်မဟုတ်ချေ။ သိသာထင်ရှားသည့် အနေအထားသို့  ပြာပုံမှ ထူထောင်နိုင်ပြီး စစ်တွေဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံတွင် အကောင်းဆုံးဆိပ်ကမ်းတစ်ခုနှင့် ကြီးကျယ်သော ရေတပ်စခန်းတစ်ခုဖြစ်လာမည်။ ယင်း၏စွမ်းရည်နှင့် တည်ရှိနေပုံတို့ မှာ ထူးထူးကဲကဲအခြေအနေများကြောင့် အတည်ပြုဖော်ပြရခြင်း ဖြစ်ပေသည်”ဟု ဟေးက ၁၈၉၂-ခု၊ မေလရက်စွဲဖြင့် အပစ်ပယ်ခံ ရခိုင်ပြည်၏ အနာဂတ်ကို ဟေးက မျှော်မှန်းခဲ့သည်။

ဟေး၏ ရည်ရွယ်ချက်

ဟေးသည် ရခိုင်အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် စာအုပ်ကို ၁၈၉၂-တွင် စီစဉ်ရိုက်နှိပ်ထုတ်ဝေသည်။ ယင်းစာအုပ်တွင် သူ၏ရည်ညွှန်းလိုသည့် အကြောင်းအရာနှင့် ပုဂ္ဂိုလ်များကို ရှေ့ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။ သူ၏ရည်ညွှန်းချက်သည် ဖြစ်စေချင်သော ဆန္ဒနှင့် ခံယူချက်များကို အတိုချုံးပြိး ဖော်ပြခြင်းဖြစ်သည်။

ဟေးသည် ရခိုင်တရုတ် မီးရထားလမ်း ဖောက်လုပ်ရေး ကြိုးပမ်းမှုမှာ အမြင့်ဆုံးအဆင့်အထိရောက်အောင် တင်ပြခဲ့သည်။ တိုက်တွန်းလှုံ့ ဆော်ခဲ့သည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း ယင်းကိစ္စကို အလေးပေး စဉ်းစားခဲ့သည်။ ယင်းကြောင့် သူ၏ ရည်ညွန်းဖော်ပြရာတွင် အလေးနက်ဆုံးအဆင့်ဖြင့် စဉ်းစားခဲ့ကြသော်လည်း ခွင့်ပြုချက်မရရှိပေဟု ဟေး၏ဆောင်ရွက်ချက်ကို အတိုချုံး၍ မှတ်တမ်းတင်ခဲ့လေသည်။ ပထမကြိုးပမ်းမှုအချိန် ၁၈၇၄-ခု ကာလအတွင်းက တာဝန်ရှိသူမှာ ဝန်ကြီးချုပ်နိုင်ငံခြားရေး တာဝန်ခံအဖြစ်လည်းကောင်း၊ အိန္ဒိယနိုင်ငံ အတွင်းဝန်အဖြစ်ဆောင်ရွက်ခဲ့သူ Marquis of Salisbury K.C ၊ ဒုတိယအကြိမ် ကြိုးပမ်းမှုကာလအတွက် အိန္ဒိယနိုင်ငံအတွင်းဝန် Viscount Cross G.C.B နှင့် အိန္ဒိယ်ဘုရင်ခံချုပ် The Marquis of Lansdowne, G.C.S.L တို့ အားလည်းကောင်း ရည်ညွှန်းထားသည်ကို တွေ့ ရသည်။

ယင်းနှင့်တဆက်တည်းမှာ အရှင်သခင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက်မှုနှေးကွေးသော အခြေအနေရှိသည့် ရခိုင်ပြည်သည် အကျိုးစီးပွါးဖြစ်ထွန်း တိုးတက်လာမည်။ အိန္ဒိယနှင့် မြန်မာ-တရုတ်လမ်းမကြီး ဖောက်လုပ်ခြင်းဖြင့် ယင်းဒေသ၏ အစိတ်အပိုင်းဖြစ်သော စစ်တွေမြို့ သည် ကြိးကျယ်သော ဈေးကွက်နှင့် အိန္ဒိယအင်ပါယာ၏ တတိယအကြိးဆုံး ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်လာပါမည်ဟု မျှော်လင့်ပါသည်ဟု ဟေးက ရည်ညွှန်းဖော်ပြထားသည်။

“ရခိုင်ပြည်ရှိ စစ်တွေမြို့ သည် အရှေ့ဘင်္ဂလားနှင့် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးအတွက် ဆိပ်ကမ်းကြိးတစ်ခုဖြစ်သည်ကို အစိုးရကသော်လည်းကောင်း၊ ပြည်သူလူထုကသော်လည်းကောင်း အလေးအနက် သတိပြုခြင်း မရှိသေးပေ။ လွန်ခဲ့သည့် နှစ်(၃၀)ကျော်က ပေးစာများနှင့် ဂျာနယ်များတွင် ဖော်ပြထားသည့် ကျွန်ပ်တို့  စဉ်းစာရန် ထောက်ခံတောင်းဆိုခဲ့သော သိသာထင်ရှားသည့် အချက်အလက်များကို ကျွန်ပ်၏ ဆောင်ရွက်ချက်များ မပြီးဆုံးမီ ပြန်လည်ပုံနှိပ်ထုတ်ဝေခြင်းဖြင့် ထပ်မံပြီး အလေးထား သတိပြုလာစေရန်မှာ ကျွန်ပ၏ ဆန္ဒပင်ဖြစ်ပါသည်။ ယခုအချိန်အထိ ဆိပ်ကမ်းကို အသုံးရှိအောင် မဆောင်ရွက်ကြသေးပါ”ဟု သူ၏ ဆောင်ရွက်ချက်များကို ပုံနှိပ်ထုပ်ဝေခွင့်ပြုရေးအတွက် အိန္ဒိယနိုင်ငံအတွင်းဝန်ရုံးသို့  ၁၈၉၂-ခု၊ မတ်လ ၁၉ ရက်စွဲဖြင့် ပေးပို့ သည့်စာတွင်ဖော်ပြထားသည်။

ယင်းဖော်ပြချက်များမှာ ဟေး၏ဆန္ဒနှင့် ရပ်တည်ချက်များကို ဖော်ညွှန်းထားခြင်းပင် ဖြစ်ပေသည်။

ဟေး၏ ရခိုင်တရုတ် မီးရထားလမ်းဖောက်လုပ်ရေး ကြိုးပမ်းမှုမှာ ကာလရှည်ကြာခဲ့သည်။ ဟေးနှင့်အပြိုင် အိန္ဒိယနိုင်ငံ အာသံမှ မြန်မာပြည်ကို ဖြတ်ပြီး တရုတ်ပြည်အထိ မီးရထားလမ်း ဖောက်လုပ်ရေးကို Captain Sprye ဆိုသူကလည်း အဆိုပြုခဲ့သည်။ အလားတူ မီးရထားလမ်းဖောက်လုပ်ရေးအတွက် အဆိုပြုချက်များလည်း ယင်းအချိန်က ရရှိခဲ့သည်။

ဟေး၏ ကြိုးပမ်းမှုကာလအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးမီးရထားလမ်းဖြစ်သော ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇-ခုတွင် ဖောက်လုပ်ခဲ့သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းကို ၁၈၈၉-ခုတွင် ဖောက်လုပ်ခဲ့သည်။ ယင်းမီးရထားလမ်းများဖောက်လုပ်ပြီးစီးမှုသည် ဟေး၏ကြီုးပမ်းမှုများကို အဟန့် အတားဖြစ်ခဲ့ဟန်ရှိသည်။ သို့ ရာတွင် သူ၏လုပ်ငန်းများတွင် ယင်းကိစ္စများအားပြဿနာတစ်ရပ်အနေနှင့် ဟေးက အလေးအနက်ပြုပြီး တင်ပြထားသည်ကို မတွေ့ ရပေ။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အခြားမီးရထားလမ်းများ ဖောက်လုပ်ခဲ့ကြသော်လည်း ဟေး၏ အဆိုပြုခဲ့သော ရခိုင်-တရုတ် မီးရထားလမ်းကား အကောင်အထည် မပေါ်ခဲ့ချေ။

မည်သို့ ပင်ဆိုစေကာမူ အုပ်စိုးသူ မျက်နှာဖြူလူမျိုး ဟေး၏ ကြိုးပမ်းချက်ကိုကား မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ ယင်းအပြင် ဗြိတိသျှလက်အောက်(၆၆)နှစ်ကျော် ကာလအတွင်း ရခိုင်ပြည်၏ အခြေအနေတစ်စိတ်တစ်ဒေသကို သမိုင်းထင်ဟပ်မှုတစ်ရပ်အနေဖြင့် အလေးထားလေ့လာရမည့် ကိစ္စတစ်ရပ်ပင်ဖြစ်ပါသည်။

မြထွန်းအောင်

ကိုးကားသည့်စာတမ်း

  • Arakan past present future, by John Ogilvy Hay.
    Willian Blackwood and Sons, Edinburgh and London
    1892-May
  • “ရခိုင်ပြည်ထုတ်သတင်းစာများ”
    မြထွန်းအောင် ၊ ရခိုင်မဂ္ဂဇင်း အမှတ်-၁(၁၉၇၃-ခု)
  • “ရခိုင်ရေးရာ စာအုပ်စာတမ်း(မျက်နှာဖုံး)ပြပွဲအညွှန်း”
    (ရန်ကုန်)မှ ထုတ်ဝေသည်။

ရခိုင်တန်ဆောင်မဂ္ဂဇင်း အမှတ်(၁၇၊ အတွဲ-၁) ၁၉၈၈-ခု၊ ဇွန်လ။ထုတ် ဆောင်းပါးကို ပြန်လည်တင်ပြလိုက်ပါသည်။


Wednesday, June 8, 2011

ရခိုင့်အောင်လံ


ကြားပိမ့်ဗိုလ်လူ အံ့ချီးမူသော၊ သောင်းယူဇနာ မြေမျက်နှာထက်၊ မြောက်မှာ အာသံ တောင်ယံသီဟိုဠ်၊ နောက်ကို လှည့်လည် မရွံ့ ပြည်နှင့် ၊ ဦးတည်ပိုင်းခြင်း ပင်လယ်ဆင်းအောင်၊ စိုးမင်းတကာ ညီညွတ်ရာသည်၊ သာယာရွက်ဆောင် ရန်တိုင်းအောင်သည်၊ ဘုန်းခိုးဓမ္မရာဇာ ဥက္ကဟုခ်မျိုး၊ သမုတ်ရိုးလျင်၊ စိုးစံသောအခါ၊ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို၊ ပြီးစီးခန့် ရှည်၊ ရွှေနန်းတည်၍ အောင်စည်ညံညံ၊ ဘိသိတ်စံက ၊ ကျော်ဘိသတင်း သောင်းလုံးချင်းမျှ၊ မြင်းလည်းသိန္ဒ၀ န၀ဆဒ္ဒန်၊ ရန်မာန်ပယ်လှဲ့  ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ ပဉ္စရူကို၊ ကြည်ဖြူနှစ်သက် နတ်တို့ ဆက်က၊ ဘုန်းကြက်သရေ မိုးနှယ်စွယ်၏၊ ရွှေငွေရတနာ ပဒေသာသီး၊ ပြီးစီးစေတက် နတ်သမတ၊ စောင့်သီလနှင့်ဣန္ဒ၀ဇီရာ၊ အလင်္ကာရ အစဖြန့် ချီ၊ သီရိဓဇ ချိုမြသာယာ၊ နောက်ပိတ်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇာဂုရု၊ ရုံးကာစု၍၊ မျက်ရှုခတ်နှိပ်၊ ရွှေတံဆိပ်ကို၊ စိတ်စိတ်ကြည်နူး၊ ရွှေနန်းဦး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ ကောင်းချီးငြာလျက်၊ သာယာမြတ်နိုး၊ မေတ္တာဖြိုး၍၊ နေမျိုးမှန်စွာ မြေသြဇာလည်း၊ ရာသာပြည့်နက် အောင်ဆုခတ်၍၊ ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်၊ ရိုက်သျှောင်းပဲ့တင်ငြိမ့်ငြိမ့်တည်း။


ရခိုင်ပြည် ရှေးခေတ် အောင်လံတော်ပုံ


ရခိုင့်သမိုင်းသစ် စာအုပ်က ကူးယူရွီးထားပါရေ။

မဟာပညာကျော်

တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။



အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။

ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။

ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။

အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။

ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။

ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။

(မဟာပညာကျော်လျှောက်ထုံး)

ရခိုင်သဘာဝတေးကဗျာစပ်နည်း

အခန်း (၁)

ရခိုင်သဘာဝတေးကဗျာစပ်နည်းစပ်ဟန်ကို လေ့လာသူ သိဟိရအချက်များ

လူပေါ်စခေတ်ကတည်းကပင် တေးကဗျာများလည်းဆင်းသက်လာပါသည်ဟု ဆိုလီသည်။ စာပီထက်
ကဗျာကရှေးကျပါသိမ့်၏။ ဇာကြောင့်ဆိုသော် မွီးဖွားစကပင် မိခင်သည်
တေးကဗျာကိုဆို၍ အချေကိုချော့သည်။ မအိပ်,အိပ်အောင်သိပ်၍ အိပ်ပျော်စီသည်။
ယင်းသို့ကဗျာဖြင့် မွီးမြူလာရခြင်းဖြစ်သည်။

မှတ်ချက်။ကဗျာစပ်ရာ၌ ကာရန်နောက်သို့ဂျည်းလိုက်၍ မရေးစပ်သင့်။ အဓိပ္ပါယ်နောက်သို့လိုက်၍သာ ကာရန်ကိုယူ၍ ရီးစပ်သင့်ပါသည်။

ဥပမာ။
(၁) ကာရန်သာစပ်၍ အဓိပ္ပါယ်မစပ်ခြင်းမျိုး။
(၂) အဓိပ္ပါယ်သာစပ်၍ ကာရန်မစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းမစပ် ကာရန်လည်းမစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းစပ် ကာရန်လည်းစပ်ခြင်းမျိုး။


ဤလေးမျိုးရို့တွင် နံပါတ်(၁)အမျိုးအစားသည် ကဗျာလေ့လာသူများအတွက်သာ
အသုံးပြုသင့်သည်ဆို၏။ (၂) နှင့် (၃) အမျိုးအစားကိုကား မသုံးသင့်ဟူ၏။ (၄)
အမျိုးအစားကိုကား ကဗျာရေးစပ်သူတိုင်း ပိုင်ပိုင်ကျင့်သုံးလားရမည်ဖြစ်သည်။

ယင်းသို့ကျင့်သုံးရန်မှာ-
(၁) လိုအပ်သောစကားလုံးအတွက် ကာရန်ရအောင် ရှာနိုင်စွမ်းဟိရမည်။
(၂) ရဟိလာသောကာရန်ကို လိုအပ်သောအဓိပ္ပါယ်သို့ အံဝင်အောင်အသုံးပြုနိုင်စွမ်းဟိရမည်။

ရခိုင်သဘာဝတေးကဗျာများဖွဲ့စည်းစပ်ဟပ်နိန်ပုံ ပုံသဏ္ဍာန်ကိုသိသာရန်အချက်များ

ကျွန်ုပ်လေ့လာသိဟိသလောက် ရခိုင်သဘာဝတေးကဗျာများတွင်-
(၁) ရခိုင်ဒေသန္တရသုံး စကားသံကာရန်ကိုအသုံးပြုများခြင်း၊ စကားပြောပုံစံမျိုးသီကုံး ခြင်းများပါဝင်ခြင်း။
(၂) ကာရန်အချိန်၊အဆက်၊ ကာရန် သွယ်စပ်ပုံ၊
ထပ်ပုံနည်းအများအပြားချဲ့ထွင်ပါဝင် သုံးထားခြင်းကြောင့် ကာရန်ယူရန်လွယ်၍
ကာရန်ယူပုံလွတ်လပ်ခြင်း။
(၃) သီဆိုကောင်းရန် အစပ်အဟပ်မျိုးဖြစ်ခြင်း။
(၄) သီဆိုကောင်းရန်အတွက် အသံနိန်အသံထားမျိုးစပ်ဆိုပါဝင်စီခြင်း။
(၅) အသံအနိန်အထား တမျိုးတည်းထွက်လျှက် နားညိန်းဖွယ်စီမှုမဖြစ်စီရဘဲ
(အသံ)အမျိုးမျိုးထွက်ပေါ်လာအောင် သံနိန်သံထားမျိုးဖြင့်စပ်ဆိုထားခြင်း။
(၆) စပ်နည်းစပ်ပုံများမှာ ရခိုင်သခြင်းစပ်ပုံဟန်၊ ရခိုင်သံချပ်စပ်ပုံဟန်၊
တုံး (ဒုံး)ခြင်းများစပ်ဟန်များ ဆင်တူသောစပ်ဟန်
အမျိုးမျိုးရောနှောဖွဲ့စည်းပါဝင်ခြင်း။
(၇) နည်းစနစ်ရလျှင် လွယ်ကူသောစပ်နည်း မျိုးဖြစ်စီခြင်း။

အခန်း (၂)

သာခြင်းကဗျာစပ်ရန် ကာရန်များ

သာခြင်း၊ ကဗျာစပ်၊ လင်္ကာစပ်ဆိုရာ၌၊ အစပ်၊ အဆက်အသုံးပြုသောကာရန်များကိုလည်း သိရန်လိုအပ်သည်။ ရှိဆရာရို့က-“ကာရန်ဆဲ့တစ်၊ သတ်ဆစ်ဆယ်ပါး၊ သုံးဆယ့်ငါးနှင့်၊ တခြားဆယ့်ခြောက်၊ အကျည်းထောက်၍၊ ခြောက်ဆယ်လေးသွယ်၊ ကာရန်ကျယ်၏” ဟုစပ်ဆိုခြင်းပြုထားကြ၏။ ယင်းအဆိုအရ ခွဲပြသိသာနိုင်၏။

ကာရန်အမည်နှင့် ရေတွက်ပုံအကျည်း

(က) ကာရန်ဆဲ့တစ်ကား-အ,ကာရန်၊ ဣ၊ ဥ၊ ဧ၊ အဲ၊ သြ၊ အိပ်၊ အောက်၊ အိုက်,ကာရန်ရို့ဖြစ်ကြသည်။
(ခ) သတ်ဆစ်ဆယ်ပါးကား-က,သတ်၊င၊ စ၊ ည၊ တ၊ န၊ ပ၊ မ၊ ယ၊ ဝ,သတ်ကာရန်ရို့ဖြစ်ကြသည်။
(ဂ) သုံးဆယ့်ငါးပါးနှင့်ဟူသည်ကား- အ,ကာရန္တာဒိ၊ ဣ၊ ဥ၊ ဧ၊ အဲ၊ သြ၊ အက်၊ အင်၊ အစ်၊ အည်၊ အဉ်၊ အတ်၊ အန်၊ အပ်၊ အမ်၊ ဝ,သတ်၊ အိုကာရန္တာဒိရို့ဖြစ်ကြသည်။ (အဂုအခါ (ဝ်) ဝ,သတ်ကိုအသုံးမပြုကတ်ဗျာယ်။)

၎င်းလေးမျိုးအနက် နောက်ဆုံးအကျဉ်းကောက်ကာရန်(၁၆)ပါးကိုအကျယ်ရေတွက်လိုက်လျှင် (၆၄)သွယ် ကာရန်ဖြစ်လာသည်။ အေထက်အကျယ်ဆုံးကာရန်ဟူ၍ကား မဟိပါဗျာယ်။


(က) (ခ)အက္ခရာနှစ်မျိုးကိုပါပေါင်း၍ရေတွက်လျှင်လည်းအကျယ်ရပါသည်။


(ဃ) အကျည်းကောက်ကာရန်(၁၆)ပါး၏ (၆၄)သွယ်ကာရန်ကျယ်ရေတွက်နည်း
ကာရန်အမည်------------------အကျယ်ကာရန်များ--------------------------လုံးရေပေါင်း

၁။ ။ အ,ကာရန္တာဒိ---------------အ. အာ. အား---------------------------------၃
၂။ ။ ဣ,ကာရန္တာဒိ---------------ဣ. ဤ. အီး----------------------------------၃
၃။ ။ ဥ,ကာရန္တာဒိ----------------ဥ. ဦ. ဦး--------------------------------------၃
၎။ ။ အေ,ကာရန္တာဒိ-------------အေ. အေ့. အေး-------------------------------၃
၅။ ။ အဲ,ကာရန္တာဒိ---------------အဲ. အဲ့. အဲး-----------------------------------၃
၆။ ။ သြ,ကာရန္တာဒိ---------------အော. အော့. အော်---------------------------၃
၇။ ။ အက်,ကာရန္တာဒိ------------အက်. အောက်. အိုက်-------------------------၃
၈။ ။ အင်,ကာရန္တာဒိ-------------အင်. အင့်. အင်း.အောင့်. အောင်.
----------------------------------အောင်း . အိုင်. အိုင့်. အိုင်း-------------------၃
၉။ ။ အစ်,ကာရန္တာဒိ--------------အစ်------------------------------------------၁
၁၀။ ။ အည့်,ကာရန္တာဒိ-----------အည်. အည့်. အည်း (ဖွင့်၍ရွတ်ရသည်)------၃
၁၁။ ။ အဉ်,ကာရန္တာဒိ------------အဉ်. အဥ့်. အဉ်း (ပိတ်၍ရွတ်ရသည်)---------၃
၁၂။ ။ အတ်,ကာရန္တာဒိ-----------၁။ (အံ+အန်) ၂။ (အံ့+အန့်) ၃။ အန်း
----------------------------------၄။ အိန် ၅။ အိန့် ၆။ အိန်း ၇။ အုံ+အုန်)
-----------------------------------၈။ (အုံ့+အုန့်) ၉။ (အုံး+အုန်း)--------------၉
၁၃။ ။ အပ်,ကာရန္တာဒိ------------အပ်. အိပ်. အုပ်------------------------------၃
၁၄။ ။ အမ်,ကာရန္တာဒိ------------အမ်. အမ့်. အမ်း၊ အိမ်. အိမ့်. အိမ်း
----------------------------------အုမ်. အုမ့်. အုမ်း----------------------------၆
၁၅။ ။ အို+အိုင်-------------------(အို+အိုင်) (အို+အိုင့်) (အိုး+အိုင်း)----------၃
အကျယ်အားဖြင့်လုံးရေပေါင်း (၆၄)


အသံမတြာ

အသံ ၄ မျိုး

၁။ ။ တက်သံ
၂။ ။ သက်သံ
၃။ ။ နှိမ့်သံ
၎။ ။ တိုင်သံ

၁။ တက်သံမှာ-ဝိသဇ္ဇနီ-ရှိဆီးဝစ္စပေါက်နှစ်လုံး၊ အောက်မြစ် မပါသောအသံဖြစ်သည်။
၂။ သက်သံမှာ- အောက်မြစ်ပါသော အသံဖြစ်သည်။
၃။ နိမ့်သံမှာ- ဝိသဇ္ဇနီ-ရှိဆီး-ဝစ္စပေါက်ပါသော အသံဖြစ်သည်။
၎။ တိုင်သံမှာ- သံတိုအသတ်ဖြစ်သော “က်၊ စ်၊ တ်၊ ပ်” ပါသည့်အသံဖြစ်သည်။

တိုင်သံကို “ဥဒကစီက” ဟူ၍တွင်သည်။ ဤအသံမှာ ပကတိမူလအသံဖြစ်သည်။ နှိမ့်၍မြှင့်၍လည်းမရသော သံရပ်သံဖြတ်လည်းဖြစ်သည်။ တက်သံနှင့် နှိမ့်သံနှစ်ရပ်ရို့၏အကြားသံဖြင့် ရွတ်ဆိုရလီသည်။ ထိုကြောင် သံမှန်၊ သံလပ်စသည် ဖြင့်ခေါ်ဝေါ်ကြသီး၏။

ယင်းနှင့်ကဗျာစပ်ဆိုရာ၌ ငြိမ့်ညောင်းစွာသီဆိုနိုင်ရန် အသံအတိုအရှည်ကို အလှည့်အလှည် သုံးစီခြင်း၊ တစ်ပါဒထဲ၌ အသံတမျိုးတည်းမစပ်ဘဲ ဆွဲချည်တလှည့်၊ ချချီတဟန်၊ အတက်အဆင်း၊ လှိုင်းတွန့်ညီညာ သာယာစွာသီဆိုနိုင်စီရန်စပ်ဆိုကြကြောင်း သိစီအပ်ပါသည်။

အသံလေးမျိုးပြဇယား

လုံးရေ-၁။ သက်သံ(တို)----၂။ တက်သံ(ရှည်)-------၃။ နိမ့်သံ(ရှည်လွန်း)----၄။ တိုင်သံ
၁။------- အ-----------------အာ---------------------အား---------------------အက်
၂။--------အိ-----------------အီ----------------------အီး----------------------အောက်
၃။--------အု-----------------အူ----------------------အူး----------------------အိုက်

မှတ်ချက်။ “အက်,အောက်,အိုက်” ရို့သည် “က” သတ်။

၎။-------အေ့(ဧ့)------------အေ(ဧ)------------------အေး(ဧး)-----------------အစ်
၅။-------အဲ့(အယ့်)----------အဲ(အယ်)----------------အဲး-----------------------အစ်
၆။-------အော့(သြော့)-------အော်(သြ)---------------အေား(သြး)--------------အစ်

မှတ်ချက်။ “အစ်” သည် “စ”သတ်။

၇။--------အည့် -------------အည် -------------------အည်း
၈။--------အဥ့်---------------အဉ်---------------------အဉ်း
၉။--------အင့်---------------အင် -------------------- အင်း ---------------------အတ်
၁၀။-------အောင့်------------အောင်------------------အောင်း-------------------အိတ်
၁၁။-------အိုင့်---------------အိုင်---------------------အိုင်း----------------------အုတ်
မှတ်ချက်။ “အတ်,အိတ်,အုတ်” ရို့သည် “တ” သတ်။

၁၂။-------အန့် ---------------အန်---------------------အန်း
၁၃။-------အိန့်----------------အိန်---------------------အိန်း
၁၄။-------အုန့်----------------အုန်---------------------အုန်း---------------------အပ်
၁၅။-------အမ့်----------------အမ်---------------------အမ်း
၁၆။-------အိမ့်----------------အိမ်---------------------အိမ်း---------------------အိပ်
၁၇။-------အုမ့်----------------အုမ်---------------------အုမ်း---------------------အုပ်
၁၈။-------အို့------------------အို----------------------အိုး
(အာ့,အိ့,အူ့)
မှတ်ချက်။ “အပ်,အိပ်,အုပ်” ရို့သည် “ပ” သတ်။

အခန်း (၃)

ရခိုင်သာခြင်းစပ်ဟန်များ (၁)

တစ်ပါဒခေါ် တပိုဒ်ကို အက္ခရာလေးလုံးစီ သတ်မှတ်ထားသည်။ ပါဠိသဒ္ဒါကျမ်းရို့၌ကား ထိုသို့သတ်မှတ်မှုမဟိချေ။ အက္ခရာအပေါင်းကို “ပဒ” ဟူ၍သာ ဆိုလီသည်။ “ပဒ”အပေါင်းကို ဝါကျ (စကားခွန်း) ဟူ၍ဆိုသည်။ ထိုကြောင့် လေးလုံးတပါဒမှာ ထိုဖွဲစပ်နိန်သော စာပိုဒ်ကိုလိုက်၍ သတ်မှတ်ခြင်းသာဖြစ်သည်။

ယင်းသို့လေးလုံးတပါဒကို တပုဒ်ကျစီကုံး၍ ပါဒပေါင်း များစွာဖွဲ့စပ် ဆက်စပ်ထားခြင်းကို စာပိုဒ်ဟုခေါ်တွင်လီသည်။ အကြောင်းအရာတခုလုံးကို ယင်းသို့တပိုဒ်သီးသီးဖြင့် သီကုံးလျှင် “ဧကပိုဒ်” ဟုခေါ်သည်။ ပိုဒ် ပိုဒ်ပြု၍စီကုံးလျှင် “ပိုဒ်”စုံမည်လီသည်။ ယင်းသို့စပ်ရာ၌ ဖော်ပြပါသုံးပါ၏ကာရန်တစုံယူပုံမှာ အေက်ပါအတိုင်းဖြစ်လီသည်။

(က) အကြွင်းထားပေ၊ စကားနေသော်၊ ကြားလေသသူ (၄-၃၂)
(ခ) ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်ကေ၊ ချက်ရိုင်ပြည့်စုံ (၄-၃-၂)
(ဂ) တီတီနက္ခတ်၊ ကြံဆုံးဖြတ်၍၊ ပါဒ်ဗဇနာ (၄-၃-၁)


ဤသို့ဥပမာဖော်ပြချက်ကို စာလုံးမည်းဖြင့်ပြထားသည့်အတိုင်း (ပေ-နေ-လေ) စတုတ္ထအက္ခရာနှင့် တတိယအက္ခရာကို၎င်း၊ တတိယအက္ခရာနှင့် စတုတ္ထအက္ခရာကို၎င်း ကာရန် (နေ-ပေ-လေ) ဟူသော “အေ” ကာရန်ဆက်စပ်ထားလီသည်။ အတိုကောက်အားဖြင့် (၄-၃-၂) ဟုမှတ်နိုင်သည်။

သို့သော်ထိုစပ်နည်း (က)တွင် (ကြား-ကား) ကားနှင့်ထားသည် ပါဒအတွင်၌ကာရန်ယူနိုင် ဆက်စပ်နိုင်၊ ထပ်နိုင်သီး၏။ ဤသို့ထပ်နိုင်မှုမျိုးပါသည်ကို “ဝမ်းတွင်းကာရန်” ဟူ၍လည်းခေါ်တွင်လီသည်။ (ခ)စပ်နည်း၌ကား ထိုသို့ဝမ်းတွင်းကာရန်မပါပေ။

ရခိုင်သာခြင်းစပ်ဟန် (၂)

ထို့်ကြောင့် (ခ)နည်းထက် (က)နည်းမှာ ကာရန်နှစ်မျိုးစပ်ဆိုမှုဟိသည်အတွက် ထူးသလိုဖြစ်နိန်သည်။ သို့သော်လည်း အမှန်မှာ သုံးပါဒကာရန်တစ်စုံစပ်နည်းသာ ဖြစ်လီသည်။

(ဂ)စပ်နည်းကား (က္ခတ်၊ ဖြတ်၊ ပါဒ်) ကို “အက်” ကာရန်ဖြင့်ဆက်စပ်ထားသည်။ (၄-၃-၁) စပ်နည်းဟူ၍ အတိုကောက်မှတ်သားထိုက်ပေသည်။

ဤအတိုင်း (၁) –(၄-၃-၂) စပ်နည်း။ (၂) – (၄-၃-၁)စပ်နည်းကျစွာ ကာရန်များ (ကာရန် ၆၄- မျိုးဟိသည်) ဖြင့် စပ်ဆိုလားနိုင်လီသည်။

ကဗျာဖွဲ့နည်းကျမ်းရို့၌ (က) စပ်နည်းကို “မန်းကျဉ်းရွက်ထပ်” ၊ “သုံးချက်ညီနဘီ”၊ “သက်သီနှက်သုံးချက်ညီ” စပ်နည်းဟူ၍ အမျိုးမျိုးပီကြသည်။ (ခ) စပ်နည်းကို “သုံးချက်ညီ”၊ “လွှာချင်းသံ သုံးချက်ညီ” စပ်နည်းဟူ၍ဆိုထားလီသည်။ (ဂ) စပ်နည်းကို “သုံးချက်ညီ ရိုးရိုး” စပ်နည်းဟူ၍ပင် အမည်မှည့်ခေါ်ထားသည်ကို တွိ့နိုင်ပေ၏။


ဤ (က) နှင့် (ခ) နှစ်နည်းမှ ဖြာထွက်၍ (၁) ၄-၃-၂ စပ်ဆိုနည်းကိုခွဲလိုက်လျှင် နှစ်ပါဒကာရန်တစုံစပ်နည်း နှစ်မျိုးထွက်လာလီသည်။ ၄-၃ စပ်နည်း ၃-၂ စပ်နည်း
ဟူ၍ဖြစ်လာသည်။

တဖန် (၂) ၄-၃-၁ စပ်နည်းကိုခွဲလိုက်လျှင် ၄-၃ နှစ်ခုကိုတူရာပေါင်းပြီး၊ ၄-၃၊ ၃-၂၊ ၃-၁ စပ်နည်းဟူ၍ သုံးမျိုးဖြစ်လာသည်။

ထို့ပြင် အောက်ပါကဲ့သို့စပ်နိုင်သည့် (၄-၁) စပ်နည်း (၄-၂) စပ်နည်းမျိုးလည်းရနိုင်သီး၏။
ဥပမာ။
(ဃ) အနာမဲ့ကြောင်း၊ ကောင်းလှူစီချင် (၄-၁)
(င) ဝါဆိုမာသ၊ သုံးလလုံးလုံး (၄-၂)
ဤ(ဃ)နည်းကို “ထိပ်ချင်းတိုက်”၊ “ဦးတိုက်”၊ “တေ့ဆက်”စပ်နည်းဟု အမည်ပီးထားကြသည်။ (င) နည်းကို “ရထားပြီး”၊ “ဘီးလူရယ်”စပ်နည်းဟူ၍ ဆိုထားကြလီသည်။

ယင်းနှင့်ပေါင်းလျှက် နှစ်ပါဒကာရန်တစ်စုံစီယူစပ်နည်းကို (၅) မျိုးရဟိနိုင်လီသည်။ ကဗျာရို့၌ ဤငါးနည်းထက်ပို့၍ မရယာဟုဆိုထားကြလီသည်။

သို့သော်လည်း ရခိုင်စာဆို သာခြင်း၊ ကဗျာ၊ ပျို့စပ်နည်းရို့၌ (၃-၃) စပ်နည်းကိုတွိ့ရသီး၏။
ဥပမာ။
“တုမဟိကေ၊ ကရဝိဖောင်ပျံ၊ ငှက်အသံသို့” ဟူ၍ လှီလှော်သံဖွဲ့ကိုတွိ့ရလီသည်။
“ဇရုံကြီးနန့်၊ သုံးခွက်ပီးမည်၊ တန်တန် (တေးကဗျာ) ”
ထိုကြောင့် ဤနည်းပါဆိုပါက (၆)နည်းရချေမည်။ အားလုံးကိုခြုံ၍ ရခိုင်လိုလေးလုံးပါဒညီ ကာရန်စပ်ဆိုရာ၌ သုံးပါဒကာရန်တစ်စုံယူစပ်နည်း၌ နှစ်မျိုး၊ နှစ်ပါဒ ကာရန်တစ်စုံယူစပ်နည်း၌ (၆)မျိုးအားဖြင့် စုစုပေါင်း (၈) နည်းထိစပ်နိုင်ကြောင်း ထင်ရှားလီသည်။

(က) ပုံကိုဖတ်ရှုပါ

(က) နှစ်ပါဒကာရန်တစုံစီယူ၍စပ်ပုံနည်းပြ





ရခိုင်သာခြင်းစပ်ဟန် (၃)

ရခိုင်သာခြင်းစပ်ဟန် စပ်နည်းထူးခြားချက်

ရခိုင်သာခြင်းစပ်နည်းသည်လည်း ဖော်ပြပါ (၄) လုံးတစ်ပါဒစီ ကာရန်ယူစပ်နည်းနှင့် နှီးနှောလျှက်ဟိသည်။ ထိုကြောင့် ဖော်ပြခပြီးသော စပ်နည်း (ဂ) နည်းပုံစံကိုပင် စပ်ဆိုကြသည်ကို တွိ့နိုင်၏။ ထိုတွင် (၃) ပါဒကာရန်တစ်စုံစီယူနည်းနှစ်မျိုးကိုလည်း လက်မရွှတ်တမ်းစပ်ဆိုကြရာ အနည်းအပါးကို သာဓကပြလို၏။

(ခ) ပုံကိုရှုပါ

(ခ) သုံးပါဒကာရန်တစ်စုံစီယူ၍စပ်ပုံနည်းပြ





သုံးပါဒကာရန်တစ်စုံစီယူစပ်ဟန်များ

(က) ၄-၃-၂ စပ်နည်း

၁။ ဂဏှာဇာလီ၊ ညာမဒီနှင့်၊ သာကီမဟာ (ဝေဿန္တရာသာခြင်းမှ)
၂။ ပညာထွန်းပြောင်၊ မောင်သာအောင်လေ၊ ကြံဆောင်ရုံးစု (ဒမ္မိကသာခြင်းမှ)
၃။ အထူးမမြင်၊ တရပ်ခွင်က၊ တပင်သရက် (လွမ်းမပြေသာခြင်းမှ)

(ခ) ၄-၃-၁ စပ်နည်း

၁။ ဘက်မပေါ်နိုင်၊ စကြာပိုင်၍၊ ပြိုင်သူရှုံးလို့ (ဥဒိန္နသာခြင်းမှ)
၂။ ဝေသန်မဒီ၊ ဆွေသာကီတို့၊ ချီကာလှမ်းကေ (ဝေဿန္တရာသာခြင်းမှ)
၃။ ဒွါရာဝတီ၊ တိုင်းဌာနီသို့၊ ချီလာကြ၍ (ကဉ္ဖနဒေဝီသာခြင်းမှ)

ထူးခြားသော ကြားညှပ်ကာရန်ယူနည်း

ယင်းသို့စပ်နည်းအပြင် အသံချရပ်၍မရနိုင်သလို စပ်ဆိုခြင်းမျိုးရို့၌လည်း ဟိပါသီး၏။ ထိုသို့စပ်ရာ၌ ကာရန်ယူထူးခြားချက်ဟိလီသည်။

(၁) သုံးပါဒတစ်စုံ။ (၂) လေးပါဒတစ်စုံ။ (၃) ငါးပါဒတစ်စုံ ထိလည်းစပ်ဆိုခကြသည်။ ထိုသို့စပ်ဆိုချက်များမှာ ရွတ်ဆိုမှု၏ အသံတန့်ရပ်၊ ဖြတ်နားရာကိုလိုက်၍ စပ်ဆိုခြင်းပင်ဖြစ်၏။ ယခုစပ်နည်းသုံးမျိုး၏ စပ်ဟန်ကာရန်သွယ်နိန်ပုံနည်းကို တစ်ခုစီဖော်ပြရမည်ပင်ဖြစ်၏။

ယခုဖော်ပြလတ္တံ့သောသုံးနည်းစလုံးသည် အခံကာရန်နောက် အလယ်ကြားညှပ်ပါဒပိုများပါဟိ၏။ အခံနှင့် အအုပ်ကြားတွင် ချိန်ခွင်လျှာကဲ့သို့ ဖြစ်နိန်၏။ ချိန်ခွင်လျှာ တစ်ခု၊ နှစ်ခု၊ သုံးခု ထိပါနိန်သည်ဟုဆိုနိုင်၏။ ၎င်းအပြင် ခွ တထောက်၊ နှစ်ထောက်၊ သုံးထောက်ထိဟိနိန်၏။

ပြန်ကာဟပ်လျှက်၎င်း၊ ဇရက်ခုန်ဟန်၎င်း၊ ခြင်္သီးလည်ပြန်ဟန်၎င်း၊ စပ်ဆိုခြင်းလည်းဖြစ်၏။ ကြိုက်တေပိုင်အမည်ပီးကြကုန်။) ထိုကြောင့် မည်သို့အမည်ပီးကြရအံ့နည်း။ တစ်ခွင်လျှာ၊ နှစ်ခွင်လျှာ၊ သုံးခွင်လျှာ ဟူ၍အမည်ပီကြရမည်လော။ သို့မဟုတ် မျှော့တကိုက်စသည်ဖြင့်၎င်း၊ ခွါတစ်ထောက်စသည်ဖြင့်၎င်း၊ တပြန်ကွိ့ကာဟပ်စသည်ဖြင့်၎င်း၊ သမင်လည်တဆစ်ကွိ့စသည်ဖြင့်၎င်း ပီးရအံ့လော။ ကြိုက်တေပိုင် ပီးနိုင်ကြပေသည်။

ရခိုင်သာခြင်းစပ်ဟန် (၄)

ရခိုင်အဖွဲ့အနွဲ့ရို့တွင် လျှိုးလိုက် (သျှိုးလိုက်) ရတုဖွဲ့ပုံဖွဲ့နည်းဖြစ်ကြောင်း “သိန်ကန်မိန်တွင်ချီ” သျှိုးလိုက်ရတုကိုလေ့လာကြည့်က သိနိုင်သည်။

ထူးခြားသော ရခိုင်သာခြင်းစပ်နည်း (၃) မျိုး

စပ်နည်း (၁)

အလယ်တစ်ပိုဒ်ညှပ်သော သုံးပါဒတစ်စုံလိုင်(လည်)ပြန်စပ်နည်း
၁။ ရွက်ဟောင်းညှာကြွီ၊ (ရွက်သစ်နုလို့)၊ ညွန့်ဖူးစီကေ၊ (ဓမ္မဝိဇယသာခြင်းမှ)
၂။ သီတာတရိုး၊ (ကျွတ်ကျွတ်ဆူကေ)၊ ယက်ဖြူမိုးလို့ (သတ္တာနုသာခြင်းမှ)
၃။ လွှဲငင်ကြိတ်ကြိတ်၊ (ညဥ့်ဗဟိုမှာ)၊ သားကိုသိပ်လို့ (ဂုတ္တိလသာခြင်းမှ)
၎။ ဆန်အိတ်ကိုထုတ်၊ (ဘိုးသူတော်လေ)၊ ခုခါလုပ်ကေ (လွမ်းမပြေသာခြင်းမှ)
၅။ မောင်တော်ဘုရား၊ (နှမပျိုကို)၊ လိုပါလောတည်း (လွမ်းမပြေသာခြင်းမှ)

စပ်နည်း (၂)

အလယ်ပိုဒ်ညှပ်သော လေးပါဒတစ်စုံလိုင်(လည်)ပြန်စပ်နည်း
၁။ လွှဲင်ကြိတ်ကြိတ်၊ (မငိုစီလို၊ သီဆိုခြင်းလေ)၊ သားကိုသိပ်လို့ (ပဋာစာရီသာခြင်းမှ)
၂။ နေလတနှုံး၊ (ဘက်မပေါနိုင်၊ စကြာပိုင်၍)၊ ပြိုင်သူရှုံးလို့ (ဥဒိန္နသာခြင်းမှ)
၃။ အမှန်ငါဆိုက်၊ (တကြင်ကြင်လေ၊ နှုတ်တင်ဆက်ကေ)၊ မခက်ဖြစ်လို့ (လွမ်းမပြေသာခြင်းမှ)
၎။ မကြင်လိုက်ရ၊ (မေသုဝဏ်မှာ၊ ရှေးကံဆိုးကေ)၊ ကျိုးမလှလို့ (လွမ်းမပြေသာခြင်းမှ)
၅။ စန္တေရုပ်ပွါး၊ (ဓာသရိကို၊ စေတီသက်ကေ)၊ မြတ်ကိုယ်စား၌ (လွမ်းမပြေသာခြင်းမှ)
၆။ ဣဒ္ဓိတေဇာ၊(ရောင်ခြောက်သွယ်ကေ၊ စွယ်တော်ဖြိုးဝေ)၊လည်ရိုးတော်၏ (လွမ်းမပြေသာခြင်းမှ)
မှတ်ချက်။ ။ ကြားညှပ်ကဗျာကိုလည်း ကာရန်ချင်းစပ်ရန်လိုသည်။ (ဝါ) ဆက်စပ်လီသည်။

စပ်နည်း (၃)

အလယ်သုံးပိုဒ်ညှပ်သော ငါးပါဒတစ်စုံလိုင်(လည်)ပြန်စပ်နည်း

၁။ ပင်ရင်းပင်အောက်၊ (ဝေသန်မဒီ၊ ဆွေသာကီတို့၊ ချီကာလှမ်းကေ)၊ လမ်းတစ်လျှောက်တွင် (ဝေဿန္တရာသာခြင်းမှ)
၂။ မှီကာဝါကပ်၊ (သုတ္တံအဘိဓမ္မာ၊ ဝိနယာဟု၊ သုံးဖြာလာသည်)၊ ပိဋကတ်နှင့် (မယားလုသာခြင်းမှ)
၃။ တိတ်ပါငါ့သား၊ (ခဲဝါမြည်သံ၊ တညံညံကို၊ သက်နှံနားမှာ)၊ မကြားလီလား (ဂုတ္တိလသာခြင်းမှ)
၎။ အာကာစိုးကွပ်၊ (ဆင်ယာည်မြင်းယာည်၊ ရထားယာည်ကို၊ စိုးပိုင်သသည်)၊ လောကနတ်လေ (မယားလုသာခြင်းမှ)
၅။ တောင်ညာစံသီး၊ (မဒုမ္မဏီ၊ စုံအညီလေ၊ ဂုဏ်သိမ့်မြင့်ကေ)၊ မင်းသမီးကို (မယားလုသာခြင်းမှ)

ကာရန်လွပ်စပ်သည်များလေ့လာတွိ့ဟိချက်

ဖော်ပြပါထူးခြားသော (၁) (၂) (၃) စပ်နည်းမှာ ရခိုင်သာခြင်းစပ်နည်းပင်ကိုယ်မူဟန် လည်းဖြစ်သည်။ ရခိုင်မူပိုင်တီထွင်ဆန်းသစ်ချက်ဆိုကလည်း မမှားချေ။

၁။ တောသံလည်းကျူး၊(ဝါယောမေလေ)၊ တောင်လီဖြူးလို့ (ဓမ္မဝိဇယသာခြင်းမှ)
၂။ ကြင်သူယေမရောက်၊ (နှမဖြူလေ)၊ ညှိုးပိန်ခြောက်လို့ (ရာသီဖွဲ့သာခြင်းမှ)
၃။ အပူမမျှ၊ (ငါ့သည်းအူမှာ)၊ ကြုံပြန်ရလို့ (ကော်ကာနုသာခြင်းမှ)
၎။ ဘုန်းကံကြီးငြား၊ (မောင်လုလင်ကေ)၊ ရှင်မင်းသားလည်း (ကဉ္ဖနဒေဝီသာခြင်းမှ)
၅။ ပျော်စရာတကြောင်း၊ (မေရို့မှာလေ)၊ ဖော်အပေါင်းနှင့် (သာစွလေသာခြင်းမှ)

ယခုဖော်ပြပြီးသော ရခိုင်သာခြင်းစပ်နည်းမျိုး၌-
၁။ လေးလုံးနှစ်ပါဒ နှစ်စုံစပ်နည်း---------------------------၆ မျိုး
၂။ သုံးချက်ညီစပ်နည်း------------------------------------၂ မျိုး
၃။ အလယ်တပိုဒ်ညှပ်စပ်နည်း------------------------------၁ မျိုး
၎။ အလယ်နှစ်ပိုဒ်ညှပ်စပ်ညန်း-----------------------------၁ မျိုး
၅။ အလယ်သုံးပိုဒ်ညှပ်စပ်နည်း----------------------------၁ မျိုး
(လိုင်(လည်)ပြန်စပ်နည်း ၃- မျိုးပေါင်းသော် စပ်နည်း ၁၁ နည်းရသည်။

မှတ်ချက်။အလွှဲမယှောင်သာ ကာရန်လွတ်စပ်နည်းပါဆိုလျှင် ထိုထက်ပိုလွန်သော စပ်နည်းများရနိုင်ပါသည်။

အခန်း (၄)

ကာရန်ဆက်စပ်နိုင်သည်များ

အသံမစပ်သောကာရန် (၆၄)သွယ်ဟိကြောင်း ဖော်ပြခပြီလီယာ။ ထို့အပြင် ဖော်ပြပါစပ်နည်းရို့၌ အသံကာရန်အပြင်၊ အနီးစပ်အသံကာရန်များဖြင့်လည်း စပ်ဆိုထားကြောင်းတွိ့နိုင်ပေသည်။

ဥပမာ။ စပ်နည်း (၂) ၌-
“ဆိုက်” နှင့် “ဖြစ်” ကို၎င်း၊ “ဇာ” နှင့် “တော်” ကို၎င်း၊

စပ်နည်း (၁) ၌-
“တော်” နှင့် “ခါ”ကို၎င်း၊ “ရား” နှင့် “လော” ကို၎င်း၊ အသံကာရန်အဖြစ်ယူထားလီသည်။

ထို့အပြင် စပ်နည်း (၁)၌-
“နု” နှင့် “ဖူး”ကို၎င်း၊ အနီးစပ်သံ သို့မဟုတ် သံပြောင်းသံခွဲအဖြစ်သုံးထားသည်။

ဤသို့လျှင် စပ်နိုင်သော ကာရန်များမှာ အောက်၌ဖော်ပြထားသည့်အတိုင်း လေ့လာနိုင်သည်။

“အူ” နှင့် “အု” ကာရန်စပ်ပုံ
ဆုထူးယူကေ၊ ကောင်းမှုတို့မေ (ဇိသျှင်ခိုးကေ ကဗျာမှ)

“အု” နှင့် “အူး” ကာရန်စပ်ပုံ
ဧယာည်ယာည်လေ၊ လွှဲငင်ပြုပျာ၊ ကျူးလိုက်မေလေ (ပဒုမ္မဝတီသာခြင်းမှ)
လေးမျက်နှာကို၊ မေမျှော်ရှုက၊ ဝမ်းနူးဝမ်းပါး (ဓမ္မဝိဇယသာခြင်းမှ)

“အော” နှင့် “အား” ကာရန်စပ်နည်း
အနိစ္စသဘော၊ မှန်ပေငြား၏၊ မနောဓမ္မသင်္ခါရသည် (တေမိလင်္ကာမှ)
ထိုထိုတောက၊ ကြောင်ဖားမြီးတို (ပဋာစာရီ-မှ)
ဆင်မြင်းကျွဲနွား၊ တသောသောကေ၊ တောသားသတ္တဝါ (ဓမ္မဝိဇယ-မှ)

“အော်” နှင့် “အာ” (အာ-နှင့် အော်)ကာရန်စပ်ပုံ
ခန္ဓာပင်ပန်း၊ လွမ်းဆွတ်ခါဖြင့်၊ စိတ်တော်နွမ်းလို့ (လွမ်းမပြေ-မှ)
ကထိန်လည်းကပ်၊ မေရို့မှာလေ၊ ပျော်ပါးကတ်မေ (သာစွလေ-မှ)
သတင်းမွေးကေ၊ မင်းလေးတော်ဟု၊ ဂဏှါဇာလီ၊ ညာမဒီနှင့်၊ သာကီမဟာ၊ ရွှေကိုယ်တော်တို့၊ မွှေးစွာနံ့လောင်း (ဝေဿန္တရာ-မှ)
ဇရက်ကျီးကန်း၊ ပျံသန်းကြိုးကြာ၊ ကျောက်နီမော်တွင် (ကင်းဆရာ)

“အူ” နှင့် “အုံ၊ အုမ်” ကာရန်စပ်ပုံ
သိလိုငြားမူ၊ ဘုမ္မိဇာလ (ရာဇဝင်လင်္ကာမှ)
နေလေကာမူ၊ ဟေယတုံတစ်ခါ (ရာဇဝင်လင်္ကာမှ)
ကိုယ့်ငွေ့တော်ယူ၊ ထည့်တုံပြီးငြား (င/လက်ရုံးလျှောက်ထုံးမှ)

“အား” နှင့် “အော်” ကာရန်စပ်ပုံ
တနန်းလုံးသား၊ ပျိုတော်များတို့၊ ဟောကြော်ကာဖြင့် (ဥဒိန္န-မှ)

“အော” နှင့် “အိုး” ကာရန်စပ်ပုံ
ကွမ်းသီးပိုးထိုး၊ ရီမှာမျော/မျိုး (တေးကဗျာမှ)

“အော်” နှင့် “အို” ကာရန်စပ်ပုံ
နွားမယေဂြိုတို၊ ပင်လယ်နားမှာ၊ သားကိုမျှော် (ကျေးလက်ကဗျာမှ)
သာသနာတော်၊ ထွန်းလင်းပေါ်ကေ၊ မဂ်ဖိုလ်လှမ်းလို့ (ရီလားသာခြင်းမှ)

“အဲ” နှင့် “အေး”ကာရန်စပ်ပုံ
အဖြူအမဲ၊ ပူအအေးကို၊ ခွဲခွဲခြားခြား၊ မေးစကားမှာ (မယားလု-မှ)
ရတနာလေ၊ သပြာကြေးကို၊ တပဲမကျန် (မယားလု-မှ)

“အေ-အဲ-(အေ့-အဲ့)” နှင့် “အယ်-အည်-အည့်” ကာရန်စပ်ပုံ
မွေးတရသေ့၊ ခေါ်စဖွယ်မှာ၊ နာမည်ဆွဲကား၊ မှည့်လိုက်သည်မှ (မယားလု-မှ)

“အဲး” နှင့် “အဲ့” ကာရန်စပ်ပုံ
ကာရန်နွဲးကေ၊ ဖွဲ့ကာလေဆိုရေ (ရီလားသာခြင်းမှ)

“အည်း” နှင့် “အည်” ကာရန်စပ်ပုံ
စိတ်ကရောက်ရေး၊ တသက်တွင်လေ၊ စားလင်မျောက်သည်၊ တစ်ယောက်တည်းနှင့် (မယားလု-မှ)

“အေ-အယ်” နှင့် “အည်” ကာရန်စပ်ပုံ
အေးမြရောင်ခြည်၊ မပြောင်းဝေဘဲ၊ မှောင်ကွယ်မှိုင်းမှိုင်း (ဥဒိန္န-မှ)

“အုံး-အုန်း” နှင့် “အုန့်-အူ-အူး” ကာရန်စပ်ပုံ
နဂိုရ်ပုန့်ပုန့်၊ ချိုပြုန့်ပြုန့်နှင့်၊ မုဒုလက္ခဏာ၊ အသားမှာလေ၊ ဂွမ်းဝါမုန့်သို့၊ နူးညံ့စွာနှင့် (မယားလု-မှ)
သဒ္ဓါရွှင်ပြုံး၊ သတင်းသုံး၍၊ ကြည်နူးစေတနာ (တေမိယလင်္ကာမှ)
သောသောအုံးအုံး၊ တရုံးရုံးနှင့်၊ ပျော်နူးသာယာ (တေမိယလင်္ကာမှ)
မာသဆန်းထူး၊ တန်းဆောင်မုန့်ကား၊ အသုံးအဆောင် (တိတ္ထုံပရမကျမ်းမှ)

“အစ်” နှင့် “အိုက်” ကာရန်စပ်ပုံ
ဤရှားတုံးကို၊ စဉ်းကာခုတ်ပစ်၊ မီးပြင်းတိုက်၍ (ရာဇဝင်လင်္ကာမှ)
မြင်မသန်းကေ၊ စွမ်းမညစ်ပဲ၊ မဂ်တည်းခို (ရာမသာခြင်းမှ)
မျိုးစေ့လည်းရ၊ ဥယျာဉ်၌လျှင်၊ စိုက်ပျိုးစကို (မယားလု-မှ)

“အိုင်” နှင့် “အဉ်” ကာရန်စပ်ပုံ
နှမပင်တိုင်၊ သံယောဇဉ်ကို၊ ခွဲနိုင်အခက် (လွမ်းမပြေ-မှ)

“အောင့်” နှင့် “အောင်း” ကာရန်စပ်ပုံ
မယားသားကြောင့်၊ တဖြားနှောင်းဟု (လွမ်းမပြေ-မှ)

မှတ်ချက်။ ။
ရခိုင်သာခြင်း၊ ကဗျာစပ်ဆိုရာ၌ ရခိုငအသံနှင့် နီးစပ်တူညီသော အသံနီးစပ်ချင်းတို့ကိုစပ်ဆိုနိုင်သီးကြောင်း၊ အသံထွက်ကိုလိုက်၍လည်းစပ်ဆိုနိုင်ကြောင်း ထင်ရှားနိုင်ပါသည်။


“ပ” သံကာရန်များတွင် (အံ+အန်+အမ်) ရို့ (အုံ+အုန်+အုမ်) ရို့ (၍+ရွေ့) ရို့ (တ်-နှင့် ပ်) ရို့စပ်ဆိုနိုင်ပါသည်။

ထို့ပြင် အသံထွက်အလိုက် ကာရန်ယူ၍လည်း စပ်လေ့ဟိသည်များကို အနည်းအပါးတွိ့ရပါသည်။

အခန်း (၅)

ရခိုင်သဘာဝတေးကဗျာစပ်ဟန်အမူနာများ

လုံးဝကာရန်ထပ်သည်လည်းရနိုင်သည်။ မထပ်သည်လည်းဟိသည်။ တစိပ်တဒေသ ထပ်သည်လည်းဟိသည်။ မထပ်သည်လည်းဟိသည်။ အက္ခရာလုံးရေ လေးလုံးတပါဒ ညီသည်များ၊ မညီသည်များ၊ လေးလုံးတပါဒထက်ပိုသည်၊ လျော့သည်များလည်းဟိကြောင်း တွိ့မည်ဖြစ်သည်။

လေးလုံးနှစ်ပါဒတစ်စုံယူ၍ စပ်ပုံများ၊ လေးလုံးညီသုံးပါဒတစ်စုံယူ၍ စပ်ပုံများ၊ လေးလုံးလေးပါဒတစ်စုံယူ၍စပ်ပုံများသော် တူညီကြပေ၏။ လုံးရေမညီဘဲ သုံးပါဒတစ်စုံ၊ သုံးပါဒတစ်စုံ၊ လေးပါဒတစ်စုံ စပ်နည်းမျိုးတိကိုကား ဖော်ပြပါအတိုင်း သိသာနိုင်ပေ၏။

ထိုတွင် နှစ်ပါဒကာရန်တစ်စုံစီစပ်နည်း၌ ဆိုလျှင် ရခိုင်သာခြင်းစပ်နည်း၌ ဖော်ပြခသည့်အတိုင်း ---“၃-၁၊ ၃-၂၊ ၃-၃၊ ၄-၁၊ ၄-၂၊ ၄-၃” စပ်နည်း (၆)မျိုးလုံးပင်တွိ့နိုင်ပေ၏။


နှစ်ပါဒတစ်စုံစပ်နည်း (၁) နည်း၌ အခံအအုပ် အက္ခရာလုံးရေမညီဘဲ တကွဲတပြား စပ်သည်များလည်း တွိ့ဟိနိုင်ပေသည်။ ထိုတွင် အသံလေးလုံး၊ အအုပ်၌သုံးလုံး၊ လေးလုံး၊ အခံ၌ ငါးလုံး၊ အအုပ်၌ သုံးလုံး၊ လေးလုံးစပ်နည်းတိမှာ ရခိုင်သံချပ်စပ်နည်း၊ တုံးခြင်းစပ်နည်းများနှင့် ဆင်တူပေ၏။

ယင်းသို့ နှစ်ပါဒတစ်စုံစီယူ၍စပ်ပုံစပ်နည်းများကို ရခိုင်သဘာဝတေးကဗျာရို့မှရှာဖွီ ရဟိသလောက် ခန့်ခွဲ၍ သာဓကနှင့်တကွ တွဲစပ်ကာတင်ပြထားပေ၏။ ထိုတွင် အမိန်း၊ အဖြေ၊ အတင်အချ၊ အပြန်အလှန် စပ်နည်းစပ်ပုံများလည်း တွိ့နိုင်ပေသည်။

ထိုသုံးပါဒတစုံယူ၍စပ်နည်း၌---

၁။ ။သုံးပါဒလုံးကာရန်ချိတ်ဆက်သော သုံးချက်ညီစပ်နည်း။
၂။ ။အလယ်တပိုဒ်ညှပ်သော လိုင်ပြန်စပ်နည်း။
၃။ ။ပထမပါဒနှင့် ဒုတိယပါဒထပ်၍ တတိယပါဒကာရန်ရွတ်စပ်နည်း။
၎။ ။အစ ပထမပါဒသာကာရန်ရွတ်၍၊ အလယ်ဒုတိယပါဒနှင့် အဆုံးတတိယပါဒကာရန်ထပ်သော စပ်နည်း။
၅။ ။အစ၊ အလယ်၊ အဆုံးဖြစ်သော သုံးပါဒလုံး ကာရန်မထပ်သော ကာရန်ရွတ်စပ်နည်း။
ဤသို့ (၅) မျိုးရနိုင်သည်။

ထို(၅)မျိုးရို့တွင်ကား (၅)နံပါတ်စပ်နည်းသည် မလွဲမယှောင်သာသောစပ်နည်းမျိုးဖြစ်ပေရာသည်။ (၃) နှင့် (၄) နံပါတ်စပ်နည်းတိကဲ့သို့ အနည်းအပါးကာရန်ရွတ်၍ စပ်ဆိုခြင်းမျိုးကား မြန်မာလေးဆစ်စပ်နည်း၌လည်း တွိ့နိုင်ပေ၏။ ထို(၅) မျိုးရို့တွင် ပါဒညီလုံးရေအက္ခရာမဟိကတ်။ အက္ခရာလုံးရေတပါဒနှင့် နှစ်ပါဒမတူညီကတ်ချေ။

(က)
နှစ်ပါဒတစ်စုံစပ်နည်းများ

(၁) လေးလုံးညီ နှစ်ပါဒကာရန်တစုံစီယူ၍စပ်နည်းများ

၁။ ။ယိုင်းဖြူစင်ကေ၊ ယင်းပုခွက်ကို (၃-၁ --စပ်နည်း)
၂။ ။ပြဿဒ်ပျင်ပျာ၊ စွန်းတင်ကြက်လို့ (၃-၂- -------)
၃။ ။အညီမေရို့၊ ဖူးကတ်တေလေ (၃-၃------------)
၎။ ။အတွင်းကန်မှာ၊ ကြာနီထောင်သောင်း (၄-၁------)
၅။ ။ကြက်ယှာဒဏ်စွန်၊ တံခွန်လိပ်လက် (၄-၂--------)
၆။ ။ဖိုးခေါင်လည်းကျူး၊ မေလည်းခူးရေ (၄-၃-------)

(၂) ကာရန်ရွတ် သံချပ်-ဒုံးခြင်းများစပ်နည်းဟန်ကဲ့သို့စပ်နည်း

၁။ ။ အုန်းသီးခွန်ထူ၊ ညှင်ရီပပါး။
၂။ ။အပုမေဆင်၊ ဆင်ကာပုလဲ။
၃။ ။ကြင်သောင်သောင်နန့်၊ လ-ကောင်း ပ-ယောင်။
၎။ ။ဒေတလင်းကို၊ ညက်အောင်လယ်ခ။
၅။ ။တောင်လီသွက်သွက်၊ မြောက်လီသွက်သွက်။
၆။ ။ရွှီသီးတပတ်၊ ငွီသီးတပတ်။
၇။ ။မြတ်စီစွန်းစီ၊ လားကတ်ခီမေ။
၈။ ။သင်္ကြန်ရက်မှာ၊ ပို့ခလိုက်လေ။
၉။ ။အစံမေကို၊ ယိုင်းယင်ဆိုးကေ။
၁၀။ ။အရှေ့ပန်းထိန်၊ အနောက်ပန်းဘဲ။
၁၁။ ။ခါးမှာမပါ၊ လက်မှာကြန်ဆစ်။

(၃) အက္ခရာလုံးရေမညီသော နှစ်ပါဒတစုံစီစပ်နည်းများ

-----ပထမပါဒ----------------------------------------ဒုတိယပါဒ

၁။တောင်တက်--------------------------------------ဝါးရစီ (၂-၃)
မြစ်ဆင်း---------------------------------------------ငါးရစီ (၂-၃)

၂။ တောင့်ကို----------------------------------------အလိုလိုက်ကေ (၂-၄)

၃။ အနှစ်ကို------------------------------------------ယူယူ (၃-၂)
အကာကို---------------------------------------------စားစား(၃-၂)
အစူလွဲ------------------------------------------------ယိုင်း-ယိုင်း (၃-၂)

၎။ စပါးလှန်း------------------------------------------ဇကန်းဖို့ (၃-၃)
ဝက်သားကင်-----------------------------------------မောင်သျှင်ဖို့ (၃-၃)
အမေလေ---------------------------------------------ရောက်မလေ (၃-၃)
ကြက်ဖတွန်-------------------------------------------တန်းထက်က (၃-၃)
ချင်းချင်းနီ----------------------------------------------လိုင်မှာစွပ် (၃-၃)
ကောက်စရီ--------------------------------------------သီအောင်သတ် (၃-၃)

၅။ သော်ဒရီ--------------------------------------------အယင်ပြီးလီ (၃-၄)
ဂုမပျော်------------------------------------------------ဇာခါပျော်ဖို့ (၃-၄)
မိကိုယ်ကို----------------------------------------------မိကိုပီးလေ (၃-၄)
တောင်ကိုတက်----------------------------------------ဝါးရစီ (၃-၄)
စူးခက်ရံ------------------------------------------------ဖက်ရံတောမှာ (၃-၄)

၆။ နင့်လင်ဇာကို---------------------------------------လား-လား (၄-၂)
အစရာလေ---------------------------------------------ရီငံ (၄-၂)
အဖျားရာလေ-------------------------------------------ရီကောင်း (၄-၂)
ထွေငါးကိုလည်း----------------------------------------ကင်-ကင် (၄-၂)
ဒေငါးကိုလည်း------------------------------------------ချက်-ချက် (၄-၂)
နတ်တောင်ဖလာ---------------------------------------ဆီး-ဆီး (၄-၂)
သျှင်တော်လိုက်လို့--------------------------------------ဗြီး-ဗြီး (၄-၂)
အဘုချေလွှဲ---------------------------------------------ယိုင်း-ယိုင်း (၄-၂)
ကြည့်ခီကတ်မေ----------------------------------------လာတ်-လာတ် (၄-၂)
တချက်နှင်လိုက်----------------------------------------ဒူ-ဒူ (၄-၂)

၇။ တိမ်ကိုခွဲကေ----------------------------------------မဝဲကေ့ (၄-၃)
ပုတ်ချောင်ကြားမှာ-------------------------------------ဝှက်ပျာထား (၄-၃)
နာလိုရေလား------------------------------------------ခြေမသျှ/ချေ (၄-၃)
ပိုးပစိုင်းသံ----------------------------------------------ညံသသွား (၄-၃)
ဂေါက်ရီမိငါး--------------------------------------------ကြောင်စားရေ (၄-၃)
အစူးလည်းထွင်----------------------------------------နီလည်းဝင် (၄-၃)
မိလည်းကိုယ်တိုင်--------------------------------------မဆက်နိုင် (၄-၃)
ကတုတ်ချောင်က---------------------------------------ရီယိုရေ (၄-၃)
အမိသတ်ကေ-------------------------------------------ငါငိုရေ (၄-၃)
ဘားဘာရောက်ကေ------------------------------------တိုင်ပြောမေ (၄-၃)
တောက်တဲးမြည်ကေ------------------------------------ညောင်ခေါင်းက (၄-၃)
ရွှီခေါင်းအောက်------------------------------------------ကံ့ကော်ပင် (၄-၃)
ကံ့ကော်ပင်အောက်-------------------------------------ပိန္နဲတော (၄-၃)

၈။ ချမ်းသာမြို့မှာ----------------------------------------စရိုက်ကေကျရေ (၄-၅)
တောင်ပုတ်ကေမှာ -------------------------------------ကျားသျှေကေကျော်လမ်း (၄-၅)
မင်းသားစံညို-------------------------------------------ဆယ်ရေခုနစ်ယောက် (၄-၅)
လက်ပံပင်မှာ--------------------------------------------ဇရက်ကေရီစွတ် (၄-၅)

၉။ မိုးသီးပေါက်ကျရေ-----------------------------------ကိုယ်နာရေ (၅-၃)
မက္ကလာယူခ---------------------------------------------ပါရဲဘ (၅-၃)
အင်္ဂရားပွင့်ဖြူ--------------------------------------------ပွင့်တော်မူ (၅-၃)
ဝရာဇ်တောင်စာတီ---------------------------------------လုံးပတ်ညီ (၅-၃)
ဒိုးတလင်းလက်စွပ်---------------------------------------ဝတ်ရမေ (၅-၃)
လက်ဝဲကြည့်ကေလဲ-------------------------------------ငါစော်ပျာ (၅-၃)
တခွက်ပီးလို့လည်း---------------------------------------မသက်သာ (၅-၃)
နှစ်ခွက်ပီးလို့လည်း---------------------------------------မသက်သာ (၅-၃)
လက်စွပ်ချေခဗျာ-----------------------------------------စိန်ယောင်းယာ (၅-၃)
မယာထီးအသျှင်------------------------------------------ဆုတောင်းယင့် (၅-၃)

၁၀။ အထက်မှာစွန်ခြံ-------------------------------------အောက်မှာကျောက်တိုက် (၅-၄)
စရပ်ကေမြိုင်မြိုင်-----------------------------------------နီရိုင်မထိုး (၅-၄)
ဝက်မယေလောင်လင်------------------------------------နာကြင်လိမေ (၅-၄)
လက်ကျိုးမကူရာ-----------------------------------------လှီလှော်မတတ် (၅-၄)
ခေါင်းမှာချပ်တရာ-----------------------------------------နားမှာညှစိမ်း (၅-၄)
ပန်းဇင်းသျှေဖုန်းဆိုး---------------------------------------ငါ့င/ရဲကို (၅-၄)

၁၁။ အသူကစပ်ဖော်--------------------------------------ဓားရှည်ခုနစ်စင်း (၅-၅)
ငါ့ရို့ကစပ်ဖော်---------------------------------------------ဓားရှည်ခုနစ်စင်း (၅-၅)
ငှက်ခါးကေခင်ပုတ်----------------------------------------ထီး(ဒီး)ဒုတ်ကေလင်းပြာ (၅-၅)

၁၂။အပျုမသျှေတစု----------------------------------------တိုင်ပင်ပြု (၆-၃)
ပရွက်ဆိတ်ကေတကောင်---------------------------------ခါးပန်းယှောက် (၆-၃)
ပဇွန်ဆိတ်ကေရင်တင်-------------------------------------ကိုသာမြင် (၆-၃)
အရင်းပိုင်ကိုယူမေ------------------------------------------ကြီးခမေ (၆-၃)
ဆီးမီးခွက်ချေပြောင်ပြောင်---------------------------------လှဝေမောင် (၆-၃)
ဗုပေါက်သျှေသုံးလုံး----------------------------------------ပုဝါဖုံး (၆-၃)

၁၃။ ပတ္တလားယေပြိန်ပြောက်-----------------------------မိုးကြိုးယောင်လေ (၆-၄)



(၄) နှစ်မျိုးရောစပ်နည်းများ

------၃/၂--------------------------------------------------------၃/၂------(၅-၅)
၁။ ဒါးမကို-ယူလီ-------------------------------------------------ဒါးဖိုကို-ပစ်ခ
အရိပ်ကေ-မြိုင်မြိုင်-----------------------------------------------နဖီယေ-ကောက်ခြင်း
သရက်ကေ-ချိုချို-------------------------------------------------သဝင်ကေ-မြစ်မြစ်
တောင်လီက-လာလာ--------------------------------------------မြောက်လီက-လာလာ
အပွင့်ယေ-ဖြူပြာ-------------------------------------------------အညှာကေ-ကောက်ခြင်း
အနှစ်ကို-ယူယူ---------------------------------------------------အကာကို-ပစ်ပစ်
ဇကန်းလည်း-အာအာ---------------------------------------------ခဲဝါလည်း-သောင်းသောင်း
ခွီးသမီး-အိမ်ဖြူ----------------------------------------------------နီပူက-ရဲရဲ
သခွားချေ-ပွင့်မုံ----------------------------------------------------ဖရုံချေ-ပွင့်သစ်

------၃/၂----------------------------------------------------------၂/၃-
၂။ အသူလွှဲ-ယိုင်းယိုင်း---------------------------------------------အဘုသျှေလွှဲ-ယိုင်းယိုင်း
အောက်ကလည်း-ပျဉ်ခင်း-----------------------------------------အထက်ကလည်း-ပျဉ်စီ

------၃/၃----------------------------------------------------------၂/၃-
၃။ စာစိတ်ကေ-စာစိတ်ကေ----------------------------------------ပန်းကောက်-ကတ်ဖိမေ
နင်သီသီ-ငါသီသီ---------------------------------------------------ပန်းပင်-ရကေကျီ

------၄/၂----------------------------------------------------------၄/၂-
၎။ အဝကလည်း-လောင်းလောင်း--------------------------------အဖျားကလည်း-လောင်းလောင်း
အဝရာလည်း-ရီငန်------------------------------------------------အဖျားရာလည်း-ရီငန်
ထွေငါးကိုလည်း-သင်သင်-----------------------------------------ဒေငါးကိုလည်း-ချက်ချက်
အာကာရာသီး-ဆွတ်ဆွတ်----------------------------------------စာမေမည်သူ-မွတ်မွတ်
နတ်တောင်ဖလာ-ဆီးဆီး-----------------------------------------သျှင်တော်လိုက်ပို-ဗြီးဗြီး

------၄/၂----------------------------------------------------------၄/၃-
၅။အသူ့ထမင်း-ထောင်ထောင်---------------------------------ရွာတော်လုံးမှာ-ပပန်းပြောင်
နင့်လင်ဇာကို-စားစား-------------------------------------------နပျိုသီးကို-ဇာမှာထား
ပုတ်ချောင်ကြားမှာ-ထားထား-----------------------------------နင့်လင်ရောက်ကေ-ဇာကိုစား
အမေလက်ကောက်-သွင်သွင်-----------------------------------ဇကန်းတိုင်မှာ-ဆွဲပျငင်
အိုးပုတ်ကသျှေ-ဗြုစင်-------------------------------------------ဂြိုးကြာဥကို-လက်ဝဲတင်

(၅) အမိန်းအဖြေ၊ အပြန်အလှန်၊အတင်အချစပ်နည်းမျိုးများ

၁။
မိန်း။ အဘာဝါ
ဖြေ။ အဘာဆုံခွတ်လားခယင့်။
မိန်း။ ဆုံဝါ
ဖြေ။ ဆုံစပါးထောင်းလီယင့်။

၂။
မိန်း။ ဇာပါလတ်တေရောင်
ဖြေ။ ငတင်းစပ်။
မိန်း။ စပ်တေက, ဇာရောင်
ဖြေ။ စပ်တေက,ငရုပ်သီး။

၃။
မိန်း။ အဖိုး အဖိုး ဇာတူးရေ
ဖြေ။ ရွှေ၊ငွေ တူးရေ
မိန်း။ ရွှေနန့် ငွေနန့်ဖ,ကတ်မေ
ဖြေ။ မ-ဖ

၎။
မိန်း။ အဝေ အဝေ မင်းအဘာဝါ
ဖြေ။ အဘာဈီးပြုလားခရေ

၅။
မိန်း။ ပေါက်ပင် ပေါက်ပင် ရွှီပေါက်ပင်
ပေါက်ပင်ကိုင်းလိုင်း ခါးစိုင်းစိုင်းမှာ
ရွှီဗျိုင်းဇာဖြစ်နားပါရေ။
ဖြေ။ ငါးပေါ်လို့ နားပါရေ
မိန်း။ ငါးဇာဖြစ် ပေါ်ပါရေ
ဖြေ။ ကျွဲမြုံလို့ ပေါ်ပါရေ။

၆။
ကညာပျို။ တောင်လီကလာလာ၊ မြောက်လီကသွတ်သွတ်၊ အဖိုးသျှင်မှာ၊ ခယောက်ပြတ်လို့။
အဖိုးအို။ ခွီးသမီးအိမ်ဖြူ၊ နီပူကရဲရဲ၊ နင့်ထပိန်မှာ၊ အနားပြဲရေ။

တပည့်။ မဉ္ဇရီခက်လံ၊ ခက်ဖျားခံမှာ၊ နှုံ့လတ်တေ၊ ရွှီနို့သျှင်၊ မိခင်နို့ကို၊ မွတ်လတ်တေ၊ ဆရာတော်၊ သျှင်ပင်ကျောင်းက၊ ရွှတ်ပါလား။
ဆရာတော်။ တတိုင်းတပြည်၊ ပိုင်ရေမက်သား၊ ဒအောင်ကျော်၊ နောင်တော်ရွှတ်ကေ၊ ငါရွတ်ယင့်လေ။ ငါရွတ်ယင့်။

အခန်း (ခ)

သုံးပါဒတစ်စုံစပ်နည်များ

(၁) သုံးပါဒလုံးကာရန်ချိန်ဆက်သော သုံးချက်ညီစပ်နည်းများ

--ပထမပါဒ--------------------------ဒုတိယပါဒ----------------------------တတိယပါဒ
---၃------------------------------------၃--------------------------------------၃
သရက်ပင်---------------------------သဇင်ပန်း-----------------------------လှမ်းဆွတ်
---၃------------------------------------၄----------------------------------------၃
ပိုးရွှီတောင်---------------------------ဖိုးခေါင်းလည်းကျူး-------------------မေလည်းရူး
---၃-------------------------------------၄---------------------------------------၎
ညီမငယ်------------------------------မောင်ငယ်တစ်ခု---------------------တိုင်ပင်ပြုရေ
ကျီးသန္တာ-----------------------------ပျံကာဝဲကေ---------------------------ရမ်းဗြဲ့ကျွန်းက
ဝရာဇ်တောင်-------------------------ညောင်ခေါင်းဝက---------------------မိုးကိုတ,လို့
---၃--------------------------------------၅---------------------------------------၃
လက်မှာဝတ်--------------------------လက်စွပ်ချေတခြေ-------------------ပျောက်ခရေ
---၄--------------------------------------၃----------------------------------------၃
အနောက်ဖလောင်း-------------------ပင်းဝါချောင်း--------------------------ရီကောင်းစီ
----၄--------------------------------------၃----------------------------------------၎
ဝမ်းခဲဝမ်းနာ---------------------------မထောင်းတာ-------------------------တခါလာလတ်
ကုလားပုဇွန်----------------------------ဆားငငန်------------------------------ကြာဇံမစား
လက်ကိုခေါင်းတင်----------------------ဖွဲမီးကင်-------------------------------ရှင်ရှင်လည်းကျွီး
---၄----------------------------------------၄------------------------------------------၃
ငှက်ယောင်ကျီးယောင်------------------အတောင်မပေါက်---------------------ပျိုင်မရောက်
ယိုးဒယားက-----------------------------ကြက်မဝယ်ခ--------------------------ဈီးတန်က
စံညှင်းပလီ-------------------------------ပလီစံကျော်---------------------------မှုတ်လို့ခေါ်
အုန်းပင်ထက်က-------------------------ဘုန်းမင်းငှက်ချေ----------------------မြည်လတ်တေ
အသူ့သျှေခါ------------------------------ပင်လယ်နားမှာ-----------------------ကစပ်ဖော်
တုံးကြီးအောက်က-----------------------လိုက်ပြောက်သငေ-------------------ကိုက်လတ်တေ
----၄------------------------------------------၄----------------------------------------၎
အိမ်ကိုလည်းရောက်-------------------မိုးလည်းသောကကေ-----------------ကောက်ကရီကောက်
နှင်းမြိုင်မြိုင်ကေ------------------------တောင်ကျိုင်ကြားက------------------ကျွဲကျောင်းလားရေ
ဖခင်ရင်သွီး-----------------------------အမိမွီးကေ----------------------------သမီးလှယေ
ရှိတခွင်ကို------------------------------မီးလျှင်တိုက်မေ-----------------------လာလီရေလေ
----၄-----------------------------------------၄----------------------------------------၅
တပြာပြာကေ---------------------------လင်းပြာစိုးကေ------------------------ကြာရိုးတံဘက်လေ
-----၄-----------------------------------------၅---------------------------------------၃
ဘီးဘိုးအိုင်အင်း-------------------------သပေါ့စာပင်ရင်း----------------------ဓားတစင်း
----၅------------------------------------------၃---------------------------------------၂
ပတ္တိလိချောင်းဖျား-----------------------မျှားတန်းချ----------------------------ပစ်ချ
ဒါရှိဖစောင်းကန်း-------------------------နပူလှန်း------------------------------ဒါန်းစောင်
-----၅----------------------------------------၃-------------------------------------၎
တဖက်ကေလိမ္မာ-------------------------ခွီးပညာ------------------------------လာရာလာလတ်
ဒေါင်းပြောက်ကေနှစ်ကောင်-------------အိုးမှာလောင်------------------------ကုန်အောင်မစား
ထပိန်ခုနစ်ထောင်------------------------မီးနန့်လောင်-------------------------ခြုပ်စောင်မတပ်
----၅----------------------------------------၄--------------------------------------၅
လင်းကွက်ချေစိန်ဒေါင်-------------------နားဒေါင်းပြောင်ကေ-----------------ကုန်အောင်နဂါးရစ်
----၆----------------------------------------၃--------------------------------------၎
ပဝါပြောက်ချေလိုင်ချိုင်-------------------ပန်းကုံးကိုင်--------------------------ကယိုင်ကပါး
----၆-----------------------------------------၄--------------------------------------၃
မက္ကလာလည်းတထည်-------------------သျှော်လည်းတထုံး-------------------နောက်ကဖုံး
----၆------------------------------------------၄-------------------------------------၎
သားလှယယေမောင်သျှေ----------------ပုခွက်ယေမှာ--------------------------အိပ်ပါလင့်လေ



(၂) အလည်တပိုဒ်ညှပ်သော သုံပါဒတစ်စုံလိုင်ပြန်စပ်နည်းများ

ပထမပါဒ--------------------------ဒုတိယပါဒ----------------------------တတိယပါဒ
---၂-----------------------------------၄--------------------------------------၂
ပျား-ပျား---------------------------(ဇာမှာတည်ရေ)----------------------ပျား-ပျား
---၄------------------------------------၃--------------------------------------၃
မေသျှင်ပြောပြော------------------(ဘုန်းတော်ကန်)---------------------ရီခပ်လား
သဲကျွန်းခေါ်ကာ-------------------(အဘုမေ)---------------------------မော်ဖျားမှာ
---၄------------------------------------၃-------------------------------------၎
များစွာစုပေါင်း---------------------(ကုန်သည်ဟူ)-----------------------လူအပေါင်းတို့
----၄------------------------------------၄-------------------------------------၂
ပင်လယ်နားမှာ---------------------(ရီကစပ်ဖို့)--------------------------လာ-လာ
---၄-------------------------------------၄------------------------------------၃
သခွါးငကြောင်---------------------(တညှာတည်းမှာ)-------------------ကိုးလုံးပြောင်
မေထွီးလင်မှာ----------------------(နီးမထိုးကေ)------------------------ဗကိုးမှာ
တစင်းယူလီ------------------------(ညောင်ပင်ကြီးကို)------------------ခွတ်ရစီ
ခွီးကိုလည်းဆီး---------------------(ရွှီကျောက်ဖျာမှာ)-------------------အစာပီး
သခွါးသုံးပင်------------------------(တောင်မြင်တိုင်းမှာ)----------------စိုက်တိုင်းရှင်
မောင်ကြီးမောင်ကြီး---------------(ထန်းပင်ထက်ကို)------------------တက်ပျာပြီး
---၄-------------------------------------၄------------------------------------၎
ကြာလံပုဆိုး------------------------(အဖျားစွန်မှာ)----------------------ငန်းခြည်ထိုးလို့
ပန်းခံယူငင်-------------------------(လှပိုးဝါမှာ)------------------------ခေါင်းထက်တင်လို့
လှမသန္တာ---------------------------(ငွီဖလားနန့်)----------------------ကွမ်းယာလို့ပါ
ကြာညိုအည်းမ---------------------(စပါးခွန်ကို)------------------------တောင်းဖို့ကျရေ
---၄------------------------------------၄-------------------------------------၅
နှမသန္တာ----------------------------(ရွှီဖလားနန့်)------------------------ကွမ်းယာလို့ပါလာ
ဒဏ်မူဆတ်ဆတ်-------------------(ချိုင်ရေလောင်းမှာ)-----------------နှစ်ပိုင်းပြတ်လို့
---၄--------------------------------------၄------------------------------------၆
တကျောင်းနှစ်ကျောင်း-----------(မေရို့နီကေ)--------------------တောင်ထက်ကသျှေကျောင်းနန့်
---၅----------------------------------၃--------------------------------------၃
ဈီးတလင်းလက်စွပ်--------------(လှသန္တာ)----------------------------စီပျာဝတ်
အသူပေပန်ဖို့--------------------(ပင်းဝါသူ)----------------------------ရန်မျိုးဖို့
---၅---------------------------------၄--------------------------------------၎
အရွက်ကေသိပ် (မှင်းကျိုးပင်မှာ)-----------------------ခြိုးအိပ်တေ
အညှာကေကောင်းခြင်း----------(ယာတောင်ထက်မှာ)---------------ဝါဂွမ်းခင်းလေ
---၅----------------------------------၄-------------------------------------၅
အဘာကြီးဝါဝါ---------------(တောင်ရင်ကျွန်းက)------------------မြင်းစီးလို့လာယာ
အဘာကြီးဝါဝါ---------------(တောင်ညာလမ်းက)-----------------မြင်းစီးလို့လာယာ
----၆---------------------------------၄-----------------------------------၃
မက္ကလာယေရိုင်ရိုင်----------(ကြိမ်သားဒုတ်ကို)-------------------နနောင်းကိုင်
အမေလက်ကောက်သွင်သွင်-(ဇကန်းတိုင်မှာ)---------------------ဆွဲပျာငင်
အိုးဗုတ်ကေသျှေဗြုတ်စင်----(ကြိုးကြာဥကို)-----------------------လက်ဝဲတင်
အသူထမင်းထောင်ထောင်---(ရွာတော်လုံးမှာ)--------------------ပပန်းပြောင်
---၆---------------------------------၄---------------------------------၎
ခကြိုးပြောက်ချေနီနီ---------(လက်တန်းဖျားမှာ)------------------ပိတ်အကျီနန့်
---၇-----------------------------------၄---------------------------------၃
အဝေအဝေငတုတ်ကေ------(မင်းစပါးကို)------------------------ကျွဲစားရေ
---၇----------------------------------၄---------------------------------၎
အဝေအဝေမြတ်သာခိုင်-----(မင်းစပါးကို)------------------------ကျွဲစားရေဝေ

(၃)အစအလယ်ညီ၍ အဆုံးမညီသောသုံးပါတစ်စုံစပ်နည်းများ

ပထမပါဒ--------------------------ဒုတိယပါဒ------------------တတိယပါဒ
---၃-----------------------------------၃---------------------------၃
ဗူးပွင့်ရံ-----------------------------ကြာတံဘက်---------------(ရွက်ခဘိ)
ဇေတဝန်--------------------------မြတ်မွန်ကျောင်း------------(ပန်းတင်ယင့်)
---၃----------------------------------၄-----------------------------၃
ငါးဇ္ဗူ-------------------------------ငါးခူးစူးကေ-----------------(အီးလိမ့်မေ)
မက္ကလာ---------------------------ကွန်ချာထိုးကေ-------------(အကွင်းပြတ်)
အိုးဗုတ်ကေ-----------------------ချက်တေထမင်း-------------(တစိပ်ခွက်)
အသံကောင်း---------------------ခြီခေါင်းဝယ်ခ----------------(ဈီးတန်းက)
လူပေါင်းစုံ------------------------ရန်ကုန်မြို့က----------------(ခေါ်ပါခီ)
---၃--------------------------------၄-----------------------------၅
နှမဖြူ----------------------------မိုးသူခေါင်းမှာ----------------(ထိပ်ပန်းယေဆင်လို့)
---၃--------------------------------၄------------------------------၎
သင်္ကြန်ခါ-------------------------ခမျာရို့ကို-------------------(စွပ်စောင့်ထည့်မေ)
ပြူပင်တိုင်------------------------ပြိုင်သင်္ဘောမှာ--------------(ရွက်ညီနန့်နန့်)
---၄----------------------------------၃-----------------------------၂
တပြင်နှစ်ပြင်---------------------ငါးသျှဥ့်ပြင်-------------------(ကူး-ကူး)
----၄---------------------------------၃-----------------------------၃
အလွမ်းမပြေ-----------------မြကြာဝေ-----------------------(မြကြာမ)
အသူ့ဆံထုံး------------------ပုလဲကုံး-------------------------(ကျီးနားရေ)
---၄----------------------------၄---------------------------------၂
လလှုပ်ယယင်---------------မောင်သျှင်တပါး----------------(ကူ-ကူ)
ဇရုံကြီးနန့်-------------------ဘုန်ကြီးတရား------------------(နာ-နာ)
---၄-----------------------------၄-------------------------------၃
ကောင်းကကောင်ယင့်------အခြွီရင့်မှာ----------------------(ပိုးထိုးရေ)
နှင်းသံဖြဖြောက်------------ပပေါက်ဖောက်သို့--------------(ကြားရရေ)
မြတ်မဉ္ဇူလေ---------------လိုဏ်ဂူဝမှာ---------------------(ကျွတ်ဆုတောင်း)
---၄----------------------------၄---------------------------------၎
အပွင့်ကောင်းလည်း-------ဗောင်းနန့်ထိပ်တင်-------------(လွန်လိုကြပြီ)
ပွင့်ထုံပွင့်ထုံ---------------ပွင့်ထုံလိပ်လက်----------------(မထိုးလီကေ့)
တောင်ဘယံမှာ----------သာငြိမ့်ညောင်းပျာ--------------(ကြားရရေလေ)
ခြိုရွှီဝါလည်း---------------မောင်ကျော်ခုတ်မှာ------------(ဗဗောင်းကျလို့)
---၅---------------------------၃------------------------------၃
ကုလားမတန်းထား--------ရစိုးသား-----------------------(ကူးရရေ)
---၅---------------------------၄-------------------------------၃
လောင်းသမဗြဲအောင်------ယာတောင်ထက်က-----------(မိုးကြိုးရေ)
---၅---------------------------၄-------------------------------၎
နဂါးမသမီး-----------------မဲမကြီးကို---------------------(စစ်သတ်လားရေ)
သစ်ကလိန်သီးယေ--------မျောက်သျှခြံရင်း--------------(တိမ်ပျက်ပျက်နန့်)
လမုံးသီးတရာ-------------သီတာနားမှာ------------------(မိုးကိုခေါ်ကေ)

(၄) အလယ်၊ အဆုံးညီ၍အစလွတ်သောသုံးပါဒတစုံစပ်နည်းများ

ပထမပါဒ------------------ဒုတိယပါဒ--------------------တတိယပါဒ
---၃-------------------------၃-------------------------------၃
(ချစ်တေသူ)--------------အသံပီး-----------------------အဝီးက
--၃--------------------------၄------------------------------၃
(တောင်လီခံ)-------------တောင်တန်းပျင်းက-----------မီးလင်းလင်း
---၃--------------------------၄----------------------------၎
(သခင်ကျော်)------------ပင်လယ်နားမှာ----------------မျှိုင်ထိုးလားရေ
(သင်္ဘောဆိပ်)-----------တန်းထားလည်းပြို------------ရွှေအိုးလည်းရ
--၄---------------------------၃-----------------------------၃
(အုန်းပင်ရင်းက)---------အုန်းနန့်လာ-------------------ဆင်နန့်လာ
--၄---------------------------၃------------------------------၎
(ကြိမ်သာဒုတ်ကို)--------နနောင်းကိုင်----------------ကယိုင်ကပါး
(ဝခွက်လုံးစီ)-------------ဘေးကိုကိုင်-----------------ကယိုင်ကပါး
--၄-------------------------၃-------------------------------၅
(ပုဇွန်ဆိတ်ကေ)---------ခြီနှစ်ချောင်း-----------------မှင်းကျိုးသီးနန့်ထောင်း
---၄--------------------------၄------------------------------၃
(သလူထဲမှာ)------------မိုးသီးကျယောင်--------------ကြယ်ခေါင်ခေါင်
(ဖလောင်းတည်ကေ)---ကာသတ်မြို့မှာ---------------နီဖို့ကောင်း
---၄---------------------------၄-----------------------------၎
(မြင့်သေလာကေ)-------ရိုးတောင်ကြီးမှာ--------------စစ်မီးစစ်ဆင်
(မင်းကြီးမင်းညို)--------အရှိပြည်နန့်------------------အနောက်ပြည်မှာ
(ကန်ဘောင်ထက်က)--အုန်းပင်တပင်----------------ပြိန်းပင်တပင်
(သဲပုံပိုင်ကေ)-----------ဓညာမြို့က-------------------တွက်ကတ်ဖို့လေ
(ကောက်ညှင်းဆန်ကို)--ဖြူအောင်ဖွတ်ကေ-----------ဖွတ်စားကတ်မေ
(ယိုးတုံ့ယိုးတုံ)-----------သမ္ဗရာသီး--------------------ငှက်ကြီးဗောင်ရှည်
---၄-------------------------၅-----------------------------၃
(ဗျိုင်းဖြူမေကွက်)-------အနောက်ကိုတက်လီ---------ငါးကောက်ခီ
(အပြင်ဖက်က)----------နှဲပလီကျာကျာ---------------မှုတ်လို့လာ
---၅-------------------------၃-----------------------------၃
(ကျောက်စရစ်ကေ)------ကူးမည်ဆို-------------------ထိုမတ်သား

(၅) သုံးပါဒတစုံ ကာရန်မညီသော စပ်နည်းများ

ပထမပါဒ-----------------ဒုတိယပါဒ------------------တတိယပါဒ
---၃-------------------------၃---------------------------၃
ဆရာသျှင်---------------ထေရ်ကျော်ကျောင်း-------လားကတ်မေ
---၃-------------------------၃---------------------------၎
ငါ့ဖို့ဆို--------------------ပုဆိုးပိုင်း-------------------ဝယ်ပျာပီးကေ
---၃--------------------------၄---------------------------၂
လှမိုးသူ------------------လင်ထောင်းရေလေ---------ဂျိမ်း-ဂျိမ်း
---၃---------------------------၄-------------------------၃
ဆရာတော်--------------သျှင်ပင်ကျောင်းက-----------ရွှတ်ပါလား
အုန်းပင်သျှင်------------အုန်းခက်အုန်းလက်-----------ကြွီပျာကျ
ဆရာတော်--------------ယို့ရေလက်ဖွီး-----------------ကိုထိုးရေ
စားမည်ဆို---------------ဇမ္ဗူဒီပါ-----------------------ဟိယင့်လား
--၄-------------------------၄-------------------------------၃
ထွေဖက်ကမ်းကို---------ကူးနိုင်သူ-----------------ရွှီမတ်သား
---၄-------------------------၄-----------------------------၂
အာဂသမီး----------------ဒိုင်းနက်မသျှေ------------ခေါ်-ခေါ်
ဇရုံကြီးနန့်----------------သုံးခွက်ပီးမည်------------ကန်-ကန်
အိမ်လုံးပြင်---------------အောင်မေဆံထုံး----------ကြင်း-ကြင်း
--၄---------------------------၄--------------------------၎
ဖဲထပိန်လေ--------------ရီမှာချကေ-----------------မောင်းမောင်းပွင်ံရေ
ပတ္တနာလေ--------------ရောင်ဖြူကျွန်းမှာ----------ဆီးခတ်လားရေ
--၄----------------------------၅-------------------------၃
အမင်ပါးက--------------နှဲပလီကျာကျာ--------------မှုတ်လတ်တေ
---၅---------------------------၄--------------------------၃
အရီးသျှင်ထမင်း---------မွန်းတည့်လတ်ခါ-----------မွတ်လိမ့်မေ
---၅---------------------------၄--------------------------၎
အခင်ကြီးလာရေ--------ခေါင်းပေါင်းစွန်မှာ---------ရွှီပွင့်ပန်လို့

(ဂ)

လေးပါဒတစုံစပ်နည်းများ

(၁) အလယ်နှစ်ပုဒ်ညှပ် (အက္ခရာလုံးရေမညီ) လိုင်ပြန်စပ်နည်းများ

ပထမပါဒ-----------ဒုတိယပါဒ------------တိယပါဒ----------------စတုတ္တပါဒ
ကယိုင်ကပါး-------(နှင်းမြိုင်မြိုင်ကေ၊ ---တောင်ကျိုင်ကြားမှာ)---ကျွဲကျောင်းလားရေ
မိဘအာဏာ-------(သုံးတန်ချိုင်၊--------ပျုင်တံခါးကို)------------လှစ်မရလေ
မျက်ဝီခမောင်း-----(အဖြာဖြာကေ၊-------လက်ယာဘက်မှာ)-----ကျီးတခေါင်း
ကျီးသျှေနွှဲနှောင်း---(မြတ်ဆရာကေ၊-----သျှင်ပင်ကျောင်းမှာ)----ဘုရားလောင်း
ကယိုင်ကပါး-------(ပတ္တနာ၊-------------ရောင်ဖြူကျွန်းမှာ)-------ငှက်ခါတ်လားရေ
စည်ပင်လတ်လို့----(အချိန်တန်၊---------နီလားရပ်မှာ)------------မြို့တမြို့
ကန်ကဖြစ်ယင့်----(ရီမထွက်၊------------အောက်ကနဂါး)---------ဆီးလီယင့်
လူကြီးအပေါင်း----(မြတ်မဉ္ဇူလေ၊--------လိုဏ်ဂူဝမှာ)-----------ကျွတ်ဆုတောင်းလို့
နို့စို့မရ-------------(စုတ်စဖြာ၊-------------ဒွါရာလမ်းမှာ)----------ကြွီလို့ကျ
စောင်းတန်းဖလာ--(အဝန်းအညီ၊----------မြီတလင်းမှာ)----------မလားသာ
ညခါလာလတ်-----(နီပြောင်ပြောင်၊--------ကန်ဘောင်ရင်းမှာ)----ကတိသတ်မေ

မနောနတ်မင်း-----(တောင်လီခံ၊-----------တောင်တန်းပျင်းက)---မီးလင်းလင်း
ခြိုးသားရှာခီ-------(ခြိုးရွှီတောင်၊-----------ကန်ဘောင်နားမှာ)----ယောင်ပါလီ
ကားရီကားရား----(လူတကာပိုင်၊----------အားခွန်းထောင်)-------လုပ်မစားလေ
နီသာကြဲကြဲ-------(သျှင်မင်းပြည်မှာ၊----ပျော်ဘွယ်ကောင်းလေ)---တသဲးသဲးလေ

(၂) လေးပါဒလုံးမညီသော စပ်နည်းများ

ပထမပါဒ----------ဒုတိယပါဒ------------တတိယပါဒ--------------စတုတ္ထပါဒ
ဇကန်းမလည်း-----အသားမည်းလို့------မလာပါလို့----------------ဆိုပါခီ
ဇရက်မလည်း------အခြီသီလို့-----------မလာပါလို့-----------------ဆိုပါခီ
ဝေ့ဘူမလည်း------ဝေ့ပျောက်နီလို့------မလာပါလို့-----------------ဆိုပါခီ
ဗျိုင်းခကလည်း----အသားဖြူဖြူ---------ဆင်ဖြူစီးလို့--------------လာလတ်မေလို့ဆိုပါခီ

---------------------------------0------------------------------------
ရခိုင်သဘာဝတေးကဗျာစပ်နည်း ဒေမှာပင်ပြီးပါယာ။